မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံများက သြဇာ လွှမ်းမိုးချုပ်ကိုင်လိုသဖြင့် ပြည်တွင်း မတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံများက သြဇာ လွှမ်းမိုးချုပ်ကိုင်လိုသဖြင့် ပြည်တွင်း မတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 15 October 2024

မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံများက သြဇာလွှမ်းမိုးချုပ်ကိုင်လိုသဖြင့် ပြည်တွင်းမတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အောက်တိုဘာ ၁၅ ရက်တွင် ကျရောက် သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၉)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် မိန့်ခွန်း ပြောကြားရာ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအချက်ကို ထည့်သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေ အနေအရပ်ရပ်ဟာ ပထဝီနိုင်ငံရေးအရ အင် အားကြီးနိုင်ငံများရဲ့ သြဇာလွှမ်းမိုးချုပ်ကိုင် လိုတဲ့အတွက် ပြည်တွင်းမတည်မငြိမ်ဖြစ် အောင် ဖန်တီးပုံဖော်နေခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွင်းမှာရှိတဲ့ မတူကွဲပြား တဲ့ လူမျိုးစုများအကြား စည်းလုံးမှုမရှိအောင် နည်းလမ်းအမျိုးမျိုးနဲ့ သွေးခွဲမှုတွေ လုပ်ဆောင် နေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းအား လျော့ပါးလာအောင် နိုင်ငံရေးအရရော စီးပွားရေးအရပါ မတည် မငြိမ်ဖြစ်အောင် ဖန်တီးနေတာ တွေ့ရပါ တယ်။ ကျွန်တော့်အနေနဲ့ ပြောကြားလိုတာ ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးအားလုံး ဟာ ရှေးနှစ်ပေါင်းများစွာကတည်းက အေးအ တူပူအမျှ တစ်မြေတည်းနေ တစ်ရေတည်း သောက်ခဲ့ကြတဲ့ ညီအစ်ကိုအရင်းတွေ ဖြစ်ပါ တယ်။ ခေတ်အဆက်ဆက် ကြုံတွေ့လာရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို လက် ချင်းချိတ်ပြီး ရင်ဆိုင်ဖြေရှင်းခဲ့ကြတဲ့သူများ ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာ အင်အားကြီးနိုင် ငံများရဲ့ အကျိုးစီးပွားအတွက် မိမိတို့နေထိုင် ရာဒေသကို ပြန်ဖျက်ဆီးနေမယ့်အစား မိမိတို့ ရှင်သန်ကြီးပြင်းခဲ့ရာ နိုင်ငံတော်ရဲ့အကျိုးအတွက်အားလုံးက အရှည်ကိုမျှော်တွေးပြီး ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်။ ကျွန်တော် တို့အချင်းချင်း သွေးကွဲပြီး ရန်စောင်နေကြ မယ်ဆိုရင် နိုင်ငံတော်ရဲ့စွမ်းအားတွေ လျော့ နည်းပြီး သူတစ်ပါးအလိုကျ လိုက်ပါဆောင် ရွက်ကြရတဲ့ လူမျိုးတွေအဖြစ် သမိုင်းမှတ်တမ်း ကျန်ရစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော့်အ နေနဲ့ ဒီနေ့အချိန်အခါမှာ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များအနေနဲ့ တပ်မတော်က ဆောင်ရွက်နေတဲ့ နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေး လုပ်ငန်းစဉ်များမှာ ၀ိုင်းဝန်းပူးပေါင်း ပါဝင်ပြီး မိမိတို့ရဲ့လိုလားချက်များကို တွေ့ဆုံ ဆွေးနွေးမှုများကနေ ညှိနှိုင်းကြဖို့၊ တောင်း ဆိုကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်”ဟု ပြောကြားသည်။

ယနေ့ကာလတွင် အင်အားကြီးနိုင်ငံများ ၏ အားပြိုင်မှုများ၊ အင်အားငယ်သည့်နိုင်ငံ များအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများ၊ နိုင်ငံအချင်းချင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုများ၊ အကြမ်း ဖက်တိုက်ခိုက်မှုများ၊ ပြည်တွင်းရေးမငြိမ်မ သက်မှုများသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရကြောင်း၊ ယခု ကဲ့သို့ ပြဿနာများနှင့် ပဋိပက္ခများကို ဖြေ ရှင်းရာတွင် အချို့ဒေသများ၌ ပြည်တွင်း ပဋိပက္ခကို ဒေသတွင်းပဋိပက္ခအခြေအနေ အထိ ဖြစ်ပေါ်အောင် ဖန်တီးနေသည်ကို တွေ့ ရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောကြားသည်။

“ယနေ့ကာလမှာ အင်အားကြီးနိုင်ငံများ ရဲ့အားပြိုင်မှုတွေ၊ အင်အားငယ်တဲ့နိုင်ငံများ အပေါ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ ဝင် ရောက်စွက်ဖက်မှုတွေ၊ နိုင်ငံအချင်းချင်း ပိုင် နက်နယ်မြေ အငြင်းပွားမှုတွေ၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ ပြည်တွင်းရေးမငြိမ်မသက် မှုတွေဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ ဖြစ်ပွား လျက်ရှိတာကို တွေ့ရပါတယ်။ ဒီလိုပြဿနာ များနဲ့ ပဋိပက္ခများကို ဖြေရှင်းရာမှာ အချို့ဒေ သများမှာဆိုရင် ပြည်တွင်းပဋိပက္ခကို ဒေသ တွင်းပဋိပက္ခအခြေအနေအထိ ဖြစ်ပေါ်အောင်  ဖန်တီးနေတာတွေ့ရပါတယ်။ ကမ္ဘာ့နိုင်ငံအ များစုကလည်း နိုင်ငံအလိုက်အင်အားစုရရှိ ရေး ဒေသဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းပြီး နိုင်ငံရေး၊ စီးပွားရေးစတဲ့ ကဏ္ဍအစုံမှာ အဖွဲ့ အစည်းအလိုက် ပူးပေါင်းဆောင်ရွက်လာကြ ပါတယ်။ ဒါပေမဲ့ နိုင်ငံတိုင်းကတော့ မိမိနိုင်ငံ ရဲ့အကျိုးစီးပွားပေါ်မှာသာ ခိုင်ခိုင်မာမာ ရပ် တည်ပြီး ဦးစားပေးလုပ်ဆောင်နေတာကို သတိပြုမိကြဖို့လိုပါတယ်။ လတ်တလောဖြစ် ပွားခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံတွေ ရဲ့ ပြည်တွင်းရေးပဋိပက္ခနောက်ကွယ်တွေ မှာ ဘယ်နိုင်ငံတွေက ဘယ်လိုပါဝင်ပတ်သက် ခဲ့ပြီး တစ်ကျော့ပြန် ခေတ်သစ် ကိုလိုနီနယ်ချဲ့ မှုတွေ ဖန်တီးနေတယ်ဆိုတာကို ပြည်ထောင် စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး သတိထားကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံငယ်များအပေါ် သြဇာလွှမ်းမိုးမှုရှိ အောင် ဆောင်ရွက်ရာတွင် နိုင်ငံတိုးတက်စေ ရန်အတွက် အဓိကကျသော စီးပွားရေးကဏ္ဍများအား ထိန်းချုပ်နိုင်ရေးဆောင်ရွက်နေ သည်ကို တွေ့ရှိရကြောင်း၊ ပြည်တွင်း၌ ပဋိပက္ခမျိုးစုံ၊ အကျပ်အတည်းမျိုးစုံတို့ကို ဖန်တီး ပြီး စီးပွားရေးထိခိုက်အောင်၊ လိုသလိုချယ် လှယ်နိုင်အောင် ဖန်တီးဆောင်ရွက်နေကြ ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။

 “ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေနဲ့ နိုင်ငံငယ်များအပေါ် သြဇာလွှမ်းမိုးမှုရှိအောင် ဆောင်ရွက်ရာမှာ နိုင်ငံတိုးတက်စေဖို့အတွက် အဓိကကျတဲ့ စီးပွားရေးကဏ္ဍများကို ထိန်း ချုပ်နိုင်ရေးဆောင်ရွက်နေတာ တွေ့ရှိရပါ တယ်။ ပြည်တွင်းမှာ ပဋိပက္ခမျိုးစုံ၊ အကျပ်အ တည်းမျိုးစုံတို့ကိုဖန်တီးပြီး စီးပွားရေးထိ ခိုက်အောင်၊ လိုသလိုချယ်လှယ်နိုင်အောင် ဖန်တီးဆောင်ရွက်နေကြပါတယ်။ ဒီလိုအခြေ အနေမျိုးမှာ နိုင်ငံငယ်များအနေဖြင့် မိမိနိုင်ငံ အတွင်းမှာရှိတဲ့ သယံဇာတနဲ့ အရင်းအမြစ်များရဲ့စွမ်းအားကိုအသုံးချပြီး ရင်ဆိုင်ကျော် လွှားနိုင်ဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် နိုင်ငံတော်ကာကွယ်ရေးတာ ဝန်ကို တပ်မတော်တစ်ခုတည်း၌ပင် အပြည့် အဝတာဝန်ရှိသည်ဟု မမှတ်ယူကြဘဲ ပြည်သူ များ၏ အားဖြင့် စစ်မှန်သောပူးပေါင်းပါဝင် မှုအားများလည်း လိုအပ်ကြောင်းနှင့် မြန်မာ နိုင်ငံ၏ ပထဝီအနေအထား၊ နိုင်ငံရေးအခြေ အနေများအရ နိုင်ငံတော်ကာကွယ်ရေးတာ ဝန်များကို အထူးသတိကြီးစွာ ပြင်ဆင်ဆောင် ရွက်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ဆိုသည်။

Most Read

Most Recent