ရီးယဲလ်အသင်းနှင့် သတင်းများကြောင့် အာနိုးလ် စိတ်အနှောင့်အယှက်မဖြစ်ဟု အာနယ်ဆလော့ တုံ့ပြန်

ရီးယဲလ်အသင်းနှင့် သတင်းများကြောင့် အာနိုးလ် စိတ်အနှောင့်အယှက်မဖြစ်ဟု အာနယ်ဆလော့ တုံ့ပြန်
Photo: TEAMtalk
Photo: TEAMtalk
Published 20 October 2024

 

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က နောက်ခံလူ အလက်ဇန္ဒာအာနိုးလ် အနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် အပြောင်းအရွှေ့သတင်းများကြောင့် စိတ်အနှောင့်အယှက်မဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

အင်္ဂလန်လက်ရွေးစင် ညာနောက်ခံလူ အာနိုးလ် (၂၆ နှစ်) နှင့် လီဗာပူးလ်အသင်း၏ စာချုပ်မှာ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ 

ရီးယဲလ်အသင်း ညာနောက်ခံလူ ကာဗာဟယ်လ်မှာ ဒူးအရွတ် (ACL) ထိခိုက်မှုကြောင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိနေသဖြင့် ဇန်နဝါရီအပြောင်းအရွှေ့မှာပင် အာနိုးလ်ကို ကြိုးပမ်းဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

သို့သော် ဆလော့က "ခင်ဗျားက ကျွန်တော့်ကစားသမားတွေကို လျှော့တွက်တာလို့ ထင်တယ်။ ဒီကစားသမားတွေက စာချုပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နေ့စဉ်နဲ့အမျှ ထိပ်တန်းကလပ်တွေနဲ့ ချိတ်ဆက်ခံနေရတာပါ။ အဲဒါတွေကြောင့် သူတို့စိတ်အနှောင့် အယှက်ဖြစ်တယ်လို့ ထင်နေရင် ခင်ဗျားက သူတို့ရဲ့စိတ်ဓာတ်ပိုင်း ဘယ်လောက်သန်မာလဲဆိုတာကို မဆုံးဖြတ်သင့်ဘူး။ ဒါက ကျွန်တော်တို့အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခု၊ ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကိုယ်လုပ်စရာရှိတာကိုပဲ အာရုံစိုက်ရမှာပါ။ ခင်ဗျားက အသက် ၁၇၊ ၁၈ လောက် ဆိုရင်တော့ ဒါကခက်ခဲမှာပါ။ ဒါပေမဲ့ ထရန့် က အမှတ်ပေးလိဂ်၊ ချန်ပီယံလိဂ်ဖလားရရှိထားပြီး ဗာဂျီလ် (ဗန်ဒိုက်) နဲ့ မို (ဆာလာ) လည်း အတူတူပါပဲ။ အဲဒါက သူတို့ပုံစံကောင်းပြနိုင်ဖို့ ပြဿနာတစ်ခုလို့ ကျွန်တော်မထင်ဘူး" ဟု တုံ့ပြန်ပြောကြားခဲ့သည်။

Most Read

Most Recent