အင်ဒိုနီးယား - ဂျပန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၅ ရက် ညနေ ၆:၃၀ နာရီ)
ပြီးခဲ့တဲ့ ၂၀၂၃ အာရှဖလားပြိုင်ပွဲ အုပ်စုအဆင့်မှာ လောလောလတ်လတ် တွေ့ဆုံထားပြီး ဂျပန်အသင်းက အနိုင်ကစားထားခဲ့တယ်။ အခု ကမ္ဘာ့ဖလားခြေစစ်ပွဲ တတိယအဆင့်မှာတော့
အင်ဒိုနီးရှားအသင်းက နောက်ဆုံးပွဲမှာ တရုတ်ကို အရေးနိမ့်ခဲ့ပေမဲ့ အံ့အားသင့်စရာတွေ လုပ်ပြထားတယ်။ ဆော်ဒီအာရေဗျ၊ ဩစတြေးလျအသင်းတွေကို သရေကစားခဲ့တဲ့ အင်ဒိုနီးရှားရဲ့ အားထုတ်မှုကိုတော့ အသိအမှတ်ပြုရမယ်။ ဒါပေမဲ့ အင်ဒိုနီးရှားအသင်း ရွေးချယ်ထားတဲ့ ပြည်ပဖွားကစားသမားတွေက ဒုတိယတန်းစားလောက်ပဲ ရှိနေတာ ထည့်တွက်ရမှာပါ။ ဥရောပထိပ်တန်းလိဂ်တွေမှာ ကစားနေသူ အများအပြားပါဝင်နေတဲ့ ဂျပန်ကိုတော့ ဒုက္ခပေးနိုင်လောက်တဲ့ အနေအထားမျိုး မရှိပါဘူး။ အင်ဒိုနီးရှားအသင်း အိမ်ကွင်းမှာ ပရိသတ်အားရှိပေမဲ့ ဂျပန် ဂိုးပြတ်ဖို့များတယ်။
■ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ပွဲကြိုသုံးသပ်ချက်
Most Read
Most Recent
4 hours ago