ဆာလီဘာရဲ့အိပ်မက်ကမ္ဘာ

ဆာလီဘာရဲ့အိပ်မက်ကမ္ဘာ
Photos: X
Photos: X
Published 12 October 2024
AK

ဆာလီဘာက အာဆင်နယ်ရဲ့မဟာတံတိုင်းပါ။ ဥရောပရဲ့အကောင်းဆုံးခံစစ် မာဂုဏ်တစ်ခုလည်း ဖြစ်လာပြီ။ သူ့ကို အလိုရှိသူတွေ ၀ိုင်းဝိုင်းလည်နေပါတယ်။ ဒါပေမဲ့ ဆာလီဘာဟာ အာဆင်နယ်အမှုတော်ကို ရွပ်ရွပ်ချွံချွံထမ်းရွက်ဖို့သာ စိတ်ကူးရှိတယ်။ အာဆင်နယ်အရိပ်အောက်ကနေ ပြေးထွက်ဖို့ရာ မတွေးသေးပါဘူး။ အာဆင်နယ်နဲ့အတူ အောင်ပွဲတွေရယူချင်တယ်။ မန်စီးတီးကို အလဲထိုးပြချင်တယ်။ အဲဒီအရာတွေဟာအာဆင်နယ်ရဲ့နှလုံးသားထဲက မျှော်လင့်ခြင်း မီးတောက်ပါပဲ။ ငြိမ်းရခက်တဲ့မီးတောက်လေးဖြစ်ပြီး ပြိုင်ဘက်တွေကို အစွမ်းကုန်တောက်ပပြလိုက်ချင်တယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီးချုပ်ကိုင်ထားလို့ ဆာလီဘာမကျေနပ်ဘူး။ ဆာလီဘာ က "ပြီးခဲ့တဲ့ရာသီမှာ သူတို့ကိုထပ်ပြီး အညံ့ခံရပြန်တယ်။ သူတို့ကိုလက်စားချေမယ်လို့ တွေးထားတာမဟုတ်ပေမယ့် ချန်ပီယံဆုကို လက်ဝါးကြီးအုပ်ထားတာ မဖြစ်သင့်ပါဘူး။ ပရီးမီးယားလိဂ်ကမန်စီးတီးတစ်သင်းတည်းကို ရင်ဆိုင်တိုက်ခိုက်ရမှာ မဟုတ်ဘဲ အသင်းတိုင်းနဲ့ရင်ဆိုင်ရမှာပါ။ ပွဲတွေအများကြီးရှိလို့ ကိုယ့်ကိုယ်ကိုအာရုံစိုက်ရပါမယ်"လို့ ပြောခဲ့တယ်။ ဆာလီဘာက တခြား အာဆင်နယ်ကစားသမားတွေလိုပဲ လက်ရှိရာသီမှာ ချန်ပီယံဆုဖလားတစ်ခုခု လိုချင်နေတယ်။ ဒုတိယလူအဖြစ် နှစ်ရာသီဆက်နာကျင်ရပြီးနောက် နောက်တစ်ခါထပ်ပြီး မနာကျင်ချင်တော့ဘူး။ ရှုံးနိမ့်ရတာ စိတ်ကျရောဂါ ဖြစ်စေနိုင်တယ် မဟုတ်လား။

 

Most Read

Most Recent