သိမ်ဇရပ်မြို့ ခရွဲကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိ

သိမ်ဇရပ်မြို့ ခရွဲကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိ
Published 17 September 2024

သိမ်ဇရပ်မြို့ ခရွဲကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ် မြို့ ခရွဲကျေးရွာအတွင်းသို့ ပြီးခဲ့သည့် စက် တင်ဘာ ၁၃ ရက်က လက်နက်ကြီးကျည် ကျ ရောက်ပေါက်ကွဲမှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြား ချက်အရ သိရသည်။

စက်တင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ခရွဲကျေးရွာရှိ ဘုရားကုန်းဘုန်းကြီးကျောင်း နှင့် မြောက်ကျောင်းဘုန်းကြီးကျောင်းကြားရှိ  နေအိမ်အနီးတွင် လက်နက်ကြီးကျည်တစ် လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ နေရာအနီးမှာရှိတဲ့ အသက် ၆၆ နှစ်အရွယ် ဒေါ်ဝင်းအေးမှာ ညာ ဘက်ခြေသလုံးမှာ လက်နက်ကြီးကျည်စ ဖောက်ဝင်/ဖောက်ထွက် ဒဏ်ရာတစ်ချက်ရ ရှိခဲ့ပြီး အသက် ၁၈ နှစ်အရွယ် မောင်ဟိန်း ထက်အောင်ရဲ့  ညာနားရွက်မှာ စုတ်ပြဲဒဏ်ရာ တစ်ချက်ရရှိခဲ့ကြတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီးရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည် များ မကြာခဏကျရောက်ပေါက်ကွဲလေ့ရှိရာ အရပ်သားများ သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း များရှိကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

ထိုသို့ သိမ်ဇရပ်မြို့အနီးဝန်းကျင်ရှိ ကျေး ရွာများအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများကြောင့် ယခုနှစ် အတွင်း အရပ်သားခြောက်ဦးထက်မနည်း သေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Most Read

Most Recent