မြန်မာနိုင်ငံတွင် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် လာအိုပြည်သူ့တပ်မတော်၏ စစ်ဦးစီးဌာန၊ ဒုတိယအကြီးအကဲဖြစ်သူ Major General Vanthong BOUTTAVONG ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ယနေ့(ဇွန် ၈ ရက်)ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာကြောင်း သိရသည်။
ထိုသို့ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် လာအိုပြည်သူ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ကို တပ်မတော်(ရေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအို စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၂ ရက်ထိ ၅ ရက်ကြာ နေထိုင်၍ မြန်မာနိုင်ငံရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ဆိုင်ရာ ချစ်ကြည်ရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။















