မြစ်ကြီးနား-မန္တလေးလမ်းပိုင်းရှိ အင်းတော်မြို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီး လမ်းထပ်ပိတ်မှုကြောင့် ကုန်စျေးနှုန်းပြန်တက်နေ

မြစ်ကြီးနား-မန္တလေးလမ်းပိုင်းရှိ အင်းတော်မြို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီး လမ်းထပ်ပိတ်မှုကြောင့် ကုန်စျေးနှုန်းပြန်တက်နေ
အင်းတော်မြို့ ကွင်းလမ်းတစ်နေရာကို တွေ့ရစဉ်
အင်းတော်မြို့ ကွင်းလမ်းတစ်နေရာကို တွေ့ရစဉ်
Published 4 November 2024

မြစ်ကြီးနား-မန္တလေးလမ်းပိုင်းရှိ အင်းတော်မြို့တွင်   နိုဝင်ဘာ ရက်မှ စတင်ကာတိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီး လမ်းထပ်ပိတ်မှုကြောင့် ကုန်စျေးနှုန်းပြန်တက်နေကြောင်း ကချင်ပြည်နယ်ဒေသခံများက ပြောကြားသည်။

မြစ်ကြီးနားသို့ ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးကအင်းတော်မြို့ အရှေ့၊ အနောက် ကွင်းလမ်းနှစ်ခုလုံး ပိတ်သွားတယ်။ လမ်းမကြီးပွင့်တာ လေးရက်လောက်လေးပဲ။ လမ်းကြောမှာက ငွေတောင်းကြတာ ၁၀ သိန်း ကုန်သွားပြီ။ ကျွန်တော်တို့ကတော့ သုံးရက်လောက်စောင့်ဦးမယ်။ စရိတ်ပြတ်ကုန်ပြီ။ ကားအစီးရေ ရာချီမယ် ပိတ်နေတာ။ မဲဇာ၊နန်ကသဲအထိသွားလို့ရတယ်ဟု ဆိုသည်။

လက်နက်ကိုင်တပ်ပေါင်းစုအဖွဲ့များက အင်းတော်မြို့ရှိ တပ်မတော်စခန်းကို သြဂုတ် ၁၆ ရက်မှစတင် တိုက်ခိုက်ခဲ့ပြီး မြို့တွင်းကို ဖြတ်သန်းထားသည့် အဓိကကတ္တရာလမ်းမကြီးကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ရှောင်ကွင်းလမ်းများကို အသုံးပြုနိုင်သော်လည်း ရွာချင်းဆက်လမ်းသာဖြစ်ခြင်း၊ မြေသားလမ်းဖြစ်နေခြင်း၊ လမ်းကျဉ်းခြင်းတို့ကြောင့် ကားငယ်များသာ သွားလာနိုင်သည့် အခြေအနေဖြစ်ကြောင်း သိရသည်။

ဆင်၊ ထွန်စက်နဲ့ ဆွဲနေရတာ။ လမ်းကြေးကလည်း ပြင်ဖို့ဆိုလား ဟိုဘက်ထိပ်က သုံးသောင်း၊ မော်လူးအဝင်ကလေးသောင်း ကြိုထုတ်ပြီးပေးနေရတာ။ လမ်းပြင်တာလည်းမတွေ့မိသေးဘူးဟု ယာဉ်ငယ်မောင်းသူတစ်ဦးက ဆိုသည်။

မန္တလေး -မြစ်ကြီးနားလမ်းပိုင်းရှိ အင်းတော်လမ်းပိုင်းကို ပိတ်လိုက်ပြီးနောက်ပိုင်း ကချင်ဒေသတွင် ကုန်စျေးနှုန်းများ အဆမတန်ပြန်တက်လာခြင်းဖြစ်သည်။

လက်ရှိတွင် မြစ်ကြီးနား၌ ဓာတ်ဆီတစ်လီတာ ကိုးထောင်ဝန်းကျင် စျေးပေါက်နေပြီး ဆိုင်အချို့တွင် ရောင်းချမှုရပ်နားထားကြောင်း သိရသည်။  မြစ်ကြီးနားမြို့ခံ ကျန်းမာရေးဝန်တစ်ဦးကဝက်သားက တစ်ပိဿာငါးသောင်း အထက်၊ ငါးကလေးသောင်းအထက်မှာ ရှိတယ်။ ဝန်ထမ်းတွေကတော့ ဆိုင်ကယ်မစီးနိုင်တော့ဘူး။ စက်ဘီး၊ ခြေလျင်သွားနေရတယ်။ အခုကဘယ်လိုအခြေအနေဖြစ်ဦးမယ် မသိ ဘူး။ ဒီအတိုင်းတော့ အများစုက  ဆက်သွားလို့မရဘူးဟု ဆိုသည်။

KIA က ပန်ဝါမြို့ကို သိမ်းပိုက်ခဲ့ပြီး နောက်နောက်လွန်ခဲ့သည့် အောက်တိုဘာ ၁၈ ရက်မှ စတင်ကာ  တရုတ်နယ်စပ်မှဂိတ်များအားလုံးကို ပိတ်ထားခြင်းကြောင့်လည်း တရုတ်ဘက်မှ ဝင်လာသည့် စားသောက်ကုန်များ ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent