ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၃၅၅၄ ကျပ်ဖြင့် ဒေါ်လာ ၆ သန်းကျော်နှင့် ဘတ် သန်း၂၀၀ နီးပါး ထပ်မံရောင်းချခဲ့ပြီး အောက်တိုဘာလအတွင်း လက်ရှိအချိန်အထိ ဒေါ်လာ ၃၄ သန်းကျော်၊ ယွမ် သုံးသန်းကျော်၊ ဘတ်သန်း ၂၆၀ ကျော် ရောင်းချထား

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၃၅၅၄ ကျပ်ဖြင့် ဒေါ်လာ ၆ သန်းကျော်နှင့် ဘတ် သန်း၂၀၀ နီးပါး ထပ်မံရောင်းချခဲ့ပြီး အောက်တိုဘာလအတွင်း လက်ရှိအချိန်အထိ ဒေါ်လာ ၃၄ သန်းကျော်၊ ယွမ် သုံးသန်းကျော်၊ ဘတ်သန်း ၂၆၀ ကျော် ရောင်းချထား
Published 18 October 2024

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၃၅၅၄ ကျပ်ဖြင့် အောက်တိုဘာ ၁၅ ရက်နေ့က ဒေါ်လာ ၆ သန်းကျော်နှင့် ဘတ် သန်း၂၀၀ နီးပါး ထပ်မံ ရောင်းချခဲ့ပြီး အောက်တိုဘာလအတွင်း လက်ရှိအချိန်အထိ ဒေါ်လာ ၃၄ သန်းကျော်၊ ယွမ် သုံးသန်းကျော်၊ ဘတ်သန်း ၂၆၀ ကျော် ရောင်းချထား ကြောင်း  သိရသည်။

အောက်တိုဘာလတွင် နိုင်ငံခြားငွေ ကြေးစျေးကွက်အတွင်း ဗဟိုဘဏ်က ဒေါ် လာ၊ ယွမ်၊ဘတ်ရောင်းချမှုအနေဖြင့် အောက်တိုဘာ ၁၅ ရက် တွင် ဒေါ်လာ ၆သန်းကျော်၊ ဘတ် သန်း၂၀၀ နီးပါး၊ အောက် တိုဘာ ၂ ရက် တွင် ယွမ် ၁ ဒသမ ၂ သန်း ကျော်  (၁၂၄၇၉၆၂ ဒသမ ၇၇)နှင့် ဘတ် ၁၀ သန်းကျော် (၁၀၂၃၀၀၀၀)၊အောက်တိုဘာ ၃ ရက်တွင် တစ်ဒေါ်လာ ၃၅၃၅ ကျပ်ဖြင့် ဒေါ်လာ ရှစ် သိန်းနီးပါး၊ယွမ် ၁ ဒသမ ၂ သန်း ကျော်နှင့် ဘတ်တစ်သန်းကျော် ၊ အောက် တိုဘာ ၄ ရက်တွင် တစ်ဒေါ်လာ ၃၅၄၃ ကျပ် ဖြင့် ဒေါ်လာ ၁၃ ဒသမ ၁၂၂ သန်းကျော်၊ ယွမ် ၂ ဒသမ ၈ သိန်းကျော်၊ အောက်တိုဘာ ၇ ရက် တွင် ဘတ် ၁၀ သန်းကျော်၊ အောက် တိုဘာ ၉ ရက်တွင် တစ်ယွမ်လျှင် ၅၀၇ ကျပ်နှုန်းဖြင့် ယွမ် ၆ ဒသမ ၆ သိန်းကျော်၊  အောက်တိုဘာ ၁၀ ရက်တွင် တစ်ဒေါ်လာ လျှင် ၃၅၅၄ ကျပ်ဖြင့် ဒေါ်လာ ၁၂ ဒသမ ၄ သန်းကျော်၊ ဘတ် ၃၈ သန်းကျော်ထုတ်ရော င်းခဲ့ပြီး အောက်တိုဘာလအတွင်း လက်ရှိအ ချိန်အထိ ဒေါ်လာ၂၆ ဒသမ ၃ သန်းကျော် (၂၆၃၉၂၈၅၄ ဒသမ ၂)၊ယွမ်၃ဒသမ ၄ သန်း ကျော်(၃၄၂၆၅၈၆ ဒသမ ၆၈)၊ဘတ် သန်း ၆၀ ကျော်(၆၀၀၉၂၀၁၀ ဒသမ ၃) ထုတ်ရော င်းထားခြင်းဖြစ်သည်။

ဗဟိုဘဏ်က စက်တင်ဘာ ၃၀ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ် လာ ၃၅၂၉  ကျပ်ဖြင့် ၁၃ ဒသမ ၁၆ သန်း ကျော်နှင့် ယွမ် ၁ ဒသမ ၈ သန်းကျော် ထုတ်ရောင်းခဲ့သည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေး စျေး ကွက်အတွင်း စက်တင်ဘာ ၃၀ ရက်တွင် တစ် ဒေါ်လာ၃၅၂၉ ကျပ်ဖြင့် ဒေါ်လာ ၁၃ ဒသမ ၁၆ သန်းကျော်၊စက်တင်ဘာ ၂၇ ရက်တွင် တစ်ဒေါ်လာ၃၅၂၈ ကျပ်ဖြင့် ဒေါ်လာ ၈၄၁၇၀၊စက်တင်ဘာ ၂၆ ရက်တွင်  တစ် ဒေါ်လာ၃၅၂၄ ကျပ်ဖြင့် ဒေါ်လာ ၄၀၀၀၀၊  စက်တင်ဘာ ၂၅ ရက်တွင် တစ်ဒေါ်လာ ၃၅၂၄ ကျပ်ဖြင့် ဒေါ်လာ ၁၃ သန်းနီးပါး (၁၂၈၉၉၄၂၇ ဒသမ ၅၀)နှင့် ယွမ်ခုနစ်သိန်း ၊ စက်တင်ဘာ ၂၃ ရက်တွင် တစ်ဒေါ်လာ ၃၅၂၀ ကျပ်ဖြင့် ဒေါ်လာ ၂၃ သန်းနီးပါး (၂၂၆၄၉၅၇၃ ဒသမ ၁၈)၊ စက် တင်ဘာ ၂၀ ရက်တွင် တစ်ဒေါ်လာ၃၅၁၉ ကျပ်ဖြင့် ဒေါ်လာ  ၁ ဒသမ ၂၈ သန်းကျော်နှင့် ယွမ် ရှစ်သိန်း ထုတ်ရောင်းထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက် (FX Trading Platform)တွင် ‌စက်သုံးဆီလုပ်ငန်း ရှင်များအား ဒေါ်လာ သန်း ၃၀ ရောင်းချပေးခဲ့သည်။

စက်တင်ဘာ ၁၉ တွင် ဗဟိုဘဏ်က (FX Market OnlineTrading Platform) တွင် ဒေါ်လာ ၈ ဒသမ ၅ သန်းကျော်(၈၅၁၈ ၀၇၂ ဒသမ ၂၉ )နှင့်ထိုင်းဘတ်နှစ် သန်း ကျော်(၂၀၅၂၀၄၇ ဒသမ ၈၇ )၊စက်တင်ဘာ ၁၈ တွင် ထိုင်းဘတ်သုံးသန်းကျော် ထုတ် ရောင်းခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  စက်တင်ဘာ ၁၈ ရက်က နိုင်ငံခြားငွေကြေး စျေးကွက်အတွင်း FX Trading Platform တွင် သွင်းကုန်လုပ်ငန်းရှင်များအား ထိုင်းဘတ် ၁၀ သန်းရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent