ချင်းပြည်နယ် ဟားခါးခရိုင် ဟားခါးမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၅၁၇ ဧကရှိ နယ်မြေကို ရုန်းတောင်ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်

ချင်းပြည်နယ် ဟားခါးခရိုင် ဟားခါးမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၅၁၇ ဧကရှိ နယ်မြေကို ရုန်းတောင်ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်
Published 13 June 2024

ဟားခါးခရိုင် ဟားခါးမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၅၁၇ ဧကရှိသောနယ်မြေကို “ရုန်းတောင် ကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ် ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော လုပ် ပိုင် ခွင့်များကို ကျင့်သုံးလျက် ချင်းပြည်နယ် ဟားခါးခရိုင် ဟားခါးမြို့နယ်အတွင်း ကျ ရောက် နေသည့် ဧရိယာအကျယ်အဝန်း ၁၅၁၇ ဧကရှိသောနယ်မြေကို “ရုန်းတောင် ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော် ငြာစာ အမှတ် (၄၅/၂၀၂၄) အရ ၁၃၈၆ ခုနှစ် ကဆုန်လပြည့်ကျော် ၁၄ ရက် (၂၀၂၄ ခုနှစ်၊ ဇွန် ၅ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဟားခါးမြို့ ၏ အဓိကတည်နေရာ ရေရှည်တည်တံ့ခိုင်မြဲ စေရန်နှင့် တားမြစ်အပင်ဖြစ်သည့် ထင်းရှူး ပင်နှင့် ဒေသမျိုးရင်းသစ်မျိုးများ ရေရှည် တည်တံ့အောင် ထိန်းသိမ်းကာကွယ်နိုင်ရန်၊ တရားမဝင်သစ်တောထွက်ပစ္စည်းများ ထုတ် လုပ် ခြင်းမှ တားဆီးကာကွယ်နိုင်ရန်၊ တရား မဝင်အမဲလိုက်ခြင်းအား ကာကွယ်တားဆီး နိုင်ရန်၊ မြေပြိုတိုက်စားခြင်းနှင့် သဘာဝဘေး အန္တရာယ်များမှ ကာကွယ်နိုင်ရန်၊ ရာသီဥတု သာ ယာမျှတစေပြီး စိမ့်စမ်းရေထွက်များအား ထိန်းသိမ်းကာကွယ်ရန်နှင့် သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာ စေရန်ရည်ရွယ်၍ ကြိုးဝိုင်း/ ကြိုးပြင်ကာ ကွယ်တော အဖြစ်ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ် ကြောင်း သိရသည်။

ရုန်းတောင် ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် အဆိုပါ ဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော တားမြစ်သစ်ပင် ဖြစ်သည့် ထင်းရှူးပင်နှင့် ဒေသမျိုးရင်းသစ် မျိုးများဖြစ်သည့် ထင်းရှူးပင်၊ ချယ်ရီပင်၊ တောင်ဇလပ်ပင်၊ ဝက်သစ်ချပင်၊ သစ်အယ် ပင်၊ မိုင်းဘောပင်၊ ကရဝေးပင်နှင့် သစ်ကြား ပင်စသည်တို့အား ထိန်းသိမ်းနိုင်မည့်အပြင် သဘာဝပန်းအလှပင်များ၊ ချိုချဉ်သစ်ခွ၊ နုခါ သစ်ခွ၊ ငါးရိုးသစ်ခွ စသည့်သစ်ခွမျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ချေ၊ တောကြောင်၊ ယုန်စသည့်တိရစ္ဆာန်များ၏ နေထိုင်ကျက် စားရာ ဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဟားခါးမြို့သောက်သုံးရေရရှိရေးအတွက် အထောက်အကူဖြစ်စေသည့် စိမ့်စမ်းရေ ထွက်များအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ် ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent