တောင်သာမြို့နယ် နန်းတည်ကျေးရွာ အထက်တန်းကျောင်းခွဲရှေ့တွင် အမျိုးသမီးတစ်ဦးအား PDF များက သေနတ်ဖြင့်ပစ်သတ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို မီးရှို့ဖျက်ဆီးခဲ့

တောင်သာမြို့နယ် နန်းတည်ကျေးရွာ အထက်တန်းကျောင်းခွဲရှေ့တွင် အမျိုးသမီးတစ်ဦးအား PDF များက သေနတ်ဖြင့်ပစ်သတ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို မီးရှို့ဖျက်ဆီးခဲ့
Published 9 September 2024

တောင်သာမြို့နယ် နန်းတည်ကျေးရွာ အထက်တန်းကျောင်းခွဲရှေ့တွင် အမျိုးသမီးတစ်ဦးအား PDF များက သေနတ်ဖြင့်ပစ်သတ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာ ၇ ရက် နံနက် ၆ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် နန်းတည်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဒေါ်ကြူ(ခ)ဒေါ်ကြူကြူ (၅၅ နှစ်) သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF ၁၀ ဦးခန့်က ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး ‘သတင်းပေး၊ ဒလန်’ဟု စွပ်စွဲ၍ နန်းတည်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့သို့ ဖမ်းဆီးခေါ်ဆောင်သွားကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး တစ်ရွာတည်းနေ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်မြင့်မော် (၅၀ နှစ်) ၏နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ PDF များ၏ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ကြောင့် ဒေါ်ကြူ (ခ)ဒေါ်ကြူကြူတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent