အိမ်ခြေတစ်ထောင်နီးပါး ရှိသည့် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ ကျေးရွာအတွင်းရှိ နေအိမ် ထက်ဝက်ကျော်သည် တိုက်ပွဲများကြောင့် မီးလောင်ပျက်စီးခဲ့ပြီး ကျန်နေအိမ်အားလုံးနီးပါး ဖောက်ထွင်းဖျက်ဆီးခံရ

အိမ်ခြေတစ်ထောင်နီးပါး ရှိသည့် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ ကျေးရွာအတွင်းရှိ နေအိမ် ထက်ဝက်ကျော်သည် တိုက်ပွဲများကြောင့် မီးလောင်ပျက်စီးခဲ့ပြီး ကျန်နေအိမ်အားလုံးနီးပါး ဖောက်ထွင်းဖျက်ဆီးခံရ
ချောင်းနှစ်ခွကျေးရွာအတွင်းရှိ ပျက်စီးနေသည့် နေအိမ်တစ်လုံးကို တွေ့ရစဉ် (ဓာတ်ပုံ- ချောင်းနှစ်ခွသတင်း)
ချောင်းနှစ်ခွကျေးရွာအတွင်းရှိ ပျက်စီးနေသည့် နေအိမ်တစ်လုံးကို တွေ့ရစဉ် (ဓာတ်ပုံ- ချောင်းနှစ်ခွသတင်း)
Published 24 July 2024

အိမ်ခြေတစ်ထောင်နီးပါးသည့်ရှိ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာအတွင်းရှိ နေအိမ်ထက်ဝက်ကျော်မှာ မီးလောင်ပျက်စီးခဲ့ပြီး ကျန်နေအိမ်အားလုံးနီးပါးမှာ ဖောက်ထွင်း မွှေနှောက်ဖျက်ဆီးခံထားရကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီမှစတင်ကာ ကျိုက်မရောမြို့ နယ် ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ် မြေရဲစခန်းနှင့် အတ္ထရံတံတား (ချောင်းနှစ်ခွ) ရှိ လုံခြုံရေးဂိတ်များအား KNU, KNLA, PDF ပူးပေါင်းတပ်ဖွဲ့များက လာရောက်တိုက် ခိုက်ခဲ့ရာမှစတင်ကာ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများကြောင့် ချောင်း နှစ်ခွကျေးရွာနှင့် ချောင်းနှစ်ခွဒေသအနီးဝန်း ကျင်ရှိဒေသများမှ ဒေသခံများ ထောင်နှင့်ချီ ကာ နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေ ခဲ့ကြရသည်မှာ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက် အထိ ကိုးလနီးပါးကြာမြင့်ခဲ့ပြီဖြစ်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှစတင် ကာ တပ်မတော်က ချောင်းနှစ်ခွဒေသအတွင်း ရှိ KNU, KNLA, PDF ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားရာနယ်မြေများအား ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၉ ရက်တွင် အဆိုပါ ချောင်းနှစ်ခွကျေးရွာအား ပြန်လည်ထိန်းချုပ်ထားခဲ့သည်။

သို့သော်လည်း နယ်မြေလုံခြုံရေးအခြေ အနေအရ ယခုနှစ် ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက် မှသာ ချောင်းနှစ်ခွကျေးရွာအတွင်းသို့ ဒေသ ခံများကို ပြန်လည် ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

လတ်တလောတွင် ချောင်းနှစ်ခွကျေးရွာ အတွင်းသို့ ဝင်ရောက်လိုသည့် ဒေသခံများ အား ယခင်အတ္ထရံမြစ်ကူးဇက်ဆိပ်ဟောင်းနေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေး မှုများကိုခံယူ၍ ပြန်လည်ဝင်ရောက်ခွင့်ပြုထားကြောင်းနှင့် လမ်းပေါ်ကြီးအပိုင်း၊ တံ တားကြီးထပ်မှစ၍ အခြေခံပညာအထက်တန်း ကျောင်း (ချောင်းနှစ်ခွ) အထိ လမ်းတစ်လျှောက် အား လုံခြုံရေးအခြေအနေအရ သွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံတစ်ဦးက ပြော ကြားသည်။

၎င်းက ဆက်လက်ပြီး “ချောင်းနှစ်ခွရွာ ထဲကို ပြန်ဝင်ဖို့အတွက်ကို မှတ်ပုံတင်၊ အိမ် ထောင်စုစာရင်းနဲ့ အစစ်ဆေးခံပြီးမှ ဝင်ရောက် ခွင့်ပြုထားပါတယ်။ လုံခြုံရေးအရ ကန့်သတ် ထားတဲ့နေရာတွေကိုတော့ ပေးမသွားဘူး” ဟု ပြောကြားသည်။

အိမ်ခြေတစ်ထောင်ဝန်းကျင်ရှိသည့် ချောင်းနှစ်ခွကျေးရွာအတွင်းရှိ နေအိမ်ထက် ဝက်ကျော်မှာ မီးလောင်ပျက်စီးနေပြီး ကျန်ရှိ သည့်နေအိမ်အားလုံးမှာလည်း နေအိမ်ဖောက် ထွင်းခံထားရပြီး မွှေနှောက်ဖျက်ဆီးခြင်းခံထားရကြောင်းနှင့် လူပြန်လည်နေထိုင်၍မရ အောင်လည်း ပျက်စီးနေပြီဖြစ်ကြောင်း အ ဆိုပါ ဒေသခံက ဆက်လက်ပြောကြားသည်။

“အချိန်ကိုးလနီးပါး လူမနေတော့ အိမ် တွေလည်း ချုံတွေ၊ အပင်တွေပေါက်နေကြ တယ်။ အိမ်အတော်များများက လူနေလို့ အ ဆင်မပြေတော့ဘူး” ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောကြားသည်။

ထိုအခြေအနေများကြောင့်လည်း ချောင်း နှစ်ခွကျေးရွာမှာ နေရပ်စွန့်ခွာစစ်ဘေးတိမ်း ရှောင်နေကြရသည့် ဒေသခံများအနေဖြင့် မိမိတို့၏ ရပ်ရွာအတွင်းသို့ ပြန်လည်အခြေချ နေထိုင်ရန် မဖြစ်နိုင်သေးကြောင်းလည်း ဒေ သခံများက ပြောကြားသည်။

ချောင်းနှစ်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း  ကျိုက်မရောမြို့နယ် ပေါ လောကုန်းကျေးရွာမှ အသက်ခုနစ်နှစ်နှင့် ရှစ်နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး အပါအ ဝင် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းနှင့် တိုက်ပွဲများကြောင့် ချောင်းနှစ်ခွကျေးရွာအ ပါအဝင် ယင်းဒေသအတွင်းရှိ ကျေးရွာပေါင်း ရှစ်ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီပြီး စစ် ဘေးတိမ်းရှောင်နေခဲ့ကြရသည်။

ထို့ပြင် မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ် ကြီးကားလမ်းပေါ်တွင်ရှိသည့် အဓိက တံတား တစ်စင်းဖြစ်သည့် အတ္ထရံတံတား (ချောင်းနှစ် ခွ) ကိုလည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၇ ရက် တွင် KNU, KNLA, PDF ပူးပေါင်းတပ်ဖွဲ့က စစ်ရေးအရဟုဆိုကာ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

Most Read

Most Recent