လာမည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် နဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့ခြင်းမရှိသူများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည်

လာမည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် နဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့ခြင်းမရှိသူများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည်
Published 24 July 2024

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့ခြင်းမရှိသူများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။

လာမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း စနစ်ဟောင်းနဝမတန်း အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ခြင်းမရှိသော ကျောင်းသားကျောင်းသူများနှင့် စနစ်ဟောင်း/စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများသည် ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ကြောင်း၊ ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုမည့်သူများ စနစ်သစ်ဘာသာတွဲများအနက် တစ်ခုကို ရွေးချယ်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် စတင်ကျင်းပသည့် စနစ်သစ် (Grade-12)အဆင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စနစ်ဟောင်း နဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ခြင်း မရှိသော ကျောင်းသားကျောင်းသူများနှင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခွင့်ပြုခဲ့သည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူ ၁၄၆၅၂၃ ဦးရှိသည့်အနက် မြန်မာစာလာရောက်ဖြေဆိုသူ ၁၂၈၈၀၁ ဦးရှိခဲ့သည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်းစာစစ် ဌာန ၈၃၀ ခု၊  စာစစ်ဌာနစုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့သည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူ ၁၂၈၈၂၀ ရှိပြီး အောင်မြင်သူ ၇၄၅၉၂ ဦးရှိ၍ ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ၁၈၉၅၂ ဦး စာရင်း ပေးသွင်းခဲ့ပြီး ၁၈၀၅၆ ဦးဖြေဆိုခဲ့ရာ ၉၆၅၆ ဦး အောင်မြင်ခဲ့၍ ၅၃ ဒသမ ၄၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent