မင်းတုန်းမြို့နယ် ဇင်းကျန်ကျေးရွာအုပ်စု ရပ်ကျေးစာရေးအား PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

မင်းတုန်းမြို့နယ် ဇင်းကျန်ကျေးရွာအုပ်စု ရပ်ကျေးစာရေးအား PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
Published 18 July 2024

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ဇင်းကျန်ကျေးရွာအုပ်စု ရပ်ကျေးစာရေး ဦးအေးအောင်အား PDF များက ဇူလိုင် ၁၄ ရက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၄ ရက်ညပိုင်းက မင်းတုန်းမြို့နယ်၊ ပန်းတောကျေးရွာနေ ဇင်းကျန်ကျေးရွာ အုပ်စုစာရေးဖြစ်သူ ဦးအေးအောင်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ထညောင့်တင်ကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်းအနောက်ဘက်ရှိ ကျောက်တိုင်သစ်ဆိပ်ကွင်း၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးအေးအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ သေဆုံးသွားသည့် ဦးအေးအောင်၏ ရုပ်အလောင်းအား သက်ဆိုင်ရာက ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတွင် အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent