ဘဏ်များ၏ မတည်ငွေရင်း၊ အမြတ်ရရှိမှု အခြေအနေများအရ ပြည်တွင်းဘဏ်များ၏ Non Performin Loans  များကို ကောင်းစွာစီမံခန့်ခွဲနိုင်သဖြင့် မည်သည့်နည်းနှင့်မျှ လွယ်လွယ်ကူကူြ ပိုလဲစရာ လုံးဝမရှိကြောင်း ဗဟိုဘဏ်ဆို

ဘဏ်များ၏ မတည်ငွေရင်း၊ အမြတ်ရရှိမှု အခြေအနေများအရ ပြည်တွင်းဘဏ်များ၏ Non Performin Loans  များကို ကောင်းစွာစီမံခန့်ခွဲနိုင်သဖြင့် မည်သည့်နည်းနှင့်မျှ လွယ်လွယ်ကူကူြ ပိုလဲစရာ လုံးဝမရှိကြောင်း ဗဟိုဘဏ်ဆို
Published 13 July 2024

ဘဏ်များ၏ မတည်ငွေရင်း၊ အမြတ်ရရှိ မှု အခြေအနေများအရ ပြည်တွင်းဘဏ်များ၏ Non Performin Loans  များကို ကောင်းစွာ စီမံခန့်ခွဲနိုင်သဖြင့် မည်သည့်နည်းနှင့်မျှ လွယ်လွယ်ကူကူပြိုလဲစရာ လုံးဝမရှိကြောင်း မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က အသိပေးသည်။

မြန်မာနိုင်ငံဘဏ်များအခြေအနေနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် အခြေအမြစ် မရှိသည့် ကောလဟလစကားများနှင့် ဘဏ်စ နစ်ပြိုလဲအောင် လှုံ့ဆော်ရေးသားခြင်းများကို တွေ့ရှိနေရကြောင်း၊ အဆိုပါ ရေးသားပြောဆို ချက်များကို ပြည်ပတွင် နေထိုင်သူများက အများဆုံး ပြုလုပ်နေခြင်းဖြစ်ပြီး ၎င်းင်းတို့အနေ နှင့် မှန်ကန်သည့် သတင်းအချက်အလက် များအပေါ်၌ အခြေခံရေးသားပြောဆိုခြင်းမ ဟုတ်ဘဲ မြန်မာနိုင်ငံ၏ဘဏ်စနစ်တည်ငြိမ်မှု ပျက်ပြားစေရန်၊ ငွေရေးကြေး ရေးကဏ္ဍပြိုလဲ ရန်၊ ယင်းမှတစ်ဆင့် နိုင်ငံ့စီးပွားထိခိုက်ပျက်စီး စေရန် ရည်ရွယ်ချက်ရှိရှိနှင့် တစိုက်မတ်မတ် လှုံ့ဆော်ရေးသားနေကြခြင်းဖြစ်ကြောင်း ဗဟို ဘဏ်က ဆိုသည်။

ပြည်သူများအနေနှင့် ငွေရေးကြေးရေးဆိုင်ရာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက် များချမှတ်ရာတွင် ငွေရေးကြေးရေးနှင့် စီးပွားရေးအခြေအနေများအား ထဲထဲဝင်ဝင် သိရှိ နားလည်သူများ၏ ပညာရှင်ဆန်ဆန်သုံးသပ် ပြောကြားချက်များအပေါ်တွင်သာ အခြေခံပြီး လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် နိုင်ငံအတွင်း၌ ရှိသည့် ဘဏ်များ၏အနေအထား၊ ငွေရေး ကြေးရေးစနစ်၊ ဘဏ်စနစ်၊ ငွေကြေး လည်ပတ် မှုစနစ်ကို သေချာစွာလေ့လာခြင်းမရှိဘဲ မကောင်းသည့် ရည်ရွယ်ချက်များနှင့် ပြောဆို ရေးသားနေမှုများအပေါ်တွင် မယုံကြည့်ကြ ရန် တိုက်တွန်းပြောကြားလိုကြောင်း၊ နိုင်ငံသားအချင်းချင်း ပျက်စီးရာပျက်စီးကြောင်းရေးသားနေကြပြီး အခြေအမြစ်စာရင်းအင်း အချက်အလက်တိတိကျကျမရှိဘဲ ရေးသား နေပြီး စျေးကစားမှုများသည် ပြည်သူ့အကျိုးစီး ပွားကို ထိခိုက်စေမည်ဖြစ်ကြောင်း ဗဟို ဘဏ်က ဆိုသည်။

နိုင်ငံတစ်ခုတွင်ရှိသည့် ဘဏ်များတွင် အဆိုပါ နိုင်ငံတွင်ရှိသည့် သက်ဆိုင်ရာငွေ ကြေး အာဏာပိုင်များ၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီငွေရေးကြေး ရေးဆိုင်ရာ ခိုင်မာမှု၊ ယုံကြည်စိတ်ချရမှု၊ အများပြည်သူ၏ အကျိုးစီးပွားနှင့်  လုံခြုံမှုကို ဆောင်ကြည်းပေးနိုင်မှု စသည့်အချက်များနှင့် ကိုက်ညီပြီးမှ တည်ထောင်ခွင့်ရထားသည့် အဖွဲ့အစည်းများဖြစ်သည့်အပြင် တည်ထောင် ထားပြီးသည့်နောက်ပိုင်းတွင်လည်း လုပ်ငန်း ဆောင်ရွက်ချက်များကို စနစ်တကျဆောင် ရွက်စေရန်နှင့်လုပ်ငန်းစနစ်တည်ငြိမ်ခိုင်မာရန်တို့အတွက် သက်ဆိုင်ရာငွေကြေးအာဏာ ပိုင်နှင့် ဗဟိုဘဏ်များ၏ စနစ်တကျစောင့် ကြည့်ညွှန်ကြားမှုများနှင့်အညီ လိုက်နာ ဆောင်ရွက်နေခြင်းကြောင့် ဘဏ်များအနေ နှင့် လွယ်လွယ်ကူကူပြိုလဲစရာ အကြောင်း (လုံးဝ)  မရှိကြောင်း ဗဟိုဘဏ်က ဆိုသည်။

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်ကို လေ့လာကြည့်မည်ဆိုပါကလည်း ဗဟိုဘဏ်မှ တရားဝင် ထုတ်ပြန်ချက်များ၊ ဘဏ်များ၏ သက်ဆိုင်ရာ သတင်းစာမျက်နှာများမှာ ဖော် ပြထားချက်များနှင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ် ငန်းနှင့်ငွေရေးကြေးရေးစနစ်အပေါ် စနစ်တ ကျလေ့လာထားမှုများအရ နိုင်ငံအတွင်း၌ရှိ သည့် ဘဏ်များသည် ဗဟိုဘဏ်၏ စည်းမျဉ်း ထိန်းကျောင်းမှုများနှင့်အတူ လုပ်ငန်းဆောင် ရွက်မှုများကို စနစ်တကျနှင့် လုပ်ကိုင်ဆောင် ရွက်နေကြသည်ကို တွေ့ရှိရကြောင်း ဗဟို ဘဏ်က ဆိုသည်။

ဘဏ်များ၏  ငွေကြေးလွယ်ကူမှု အခြေ အနေအရသော် လည်းကောင်း၊ မတည်ငွေရင်း လုံလောက်မှုအခြေအနေအရသော် လည်း ကောင်း၊ အမြတ်ရရှိမှု အခြေအနေများအရ သော်လည်းကောင်း တည်ငြိမ်မှုရှိနေကြောင်း၊ ဗဟိုဘဏ်အနေနှင့်လည်း ဘဏ် လုပ်ငန်းစနစ် တည်ငြိမ်မှုကို မထိခိုက်စေရေးအတွက်လည်း အထူးစောင့်ကြည့်လျက်ရှိပြီး လက်ရှိတွင် ပြည်တွင်းဘဏ်များ၏ Non Performin Loans  များကိုလည်း ကောင်းစွာစီမံခန့်ခွဲ နိုင်သည့် အနေအထားတွင် ရှိနေသဖြင့် ဘဏ် စနစ်သည် မည်သည့်နည်းနှင့်မျှ မပြိုလဲနိုင် ကြောင်း ဗဟိုဘဏ်က ဆိုသည်။

ငွေရေးကြေးရေးစနစ်ဖွံ့ဖြိုးတိုးတက်စေ ရန်၊ နိုင်ငံတကာနည်းတူ ဒီဂျစ်တယ်ငွေကြေး စနစ် ဖွံ့ဖြိုးလာရန်၊ ငွေလွှဲပြောင်းပေးချေမှု များကို တရားဝင်ဘဏ်လမ်းကြောင်းမှတစ် ဆင့် စနစ်တကျနှင့် လုံခြုံစိတ်ချစွာဆောင်ရွက် နိုင်ရန် ပြည်သူများအနေနှင့် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုများ၊ မိုဘိုင်းပေး ဝန်ဆောင်မှုများ ကို သက်ဆိုင်ရာ တရားဝင် payment platform  များမှတစ်ဆင့် အသုံးပြုနိုင်ရန် ဆောင်ရွက် ထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုသည်။

အနောက်နိုင်ငံများ၏ ငွေရေးကြေးရေး ဆိုင်ရာ ပိတ်ဆို့မှုများနှင့်ရင်ဆိုင်နေရသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များအနေနှင့် ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းစနစ် တည် ငြိမ်ရန်၊ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံနိုင်ရန်အ တွက် ပြည်တွင်းဘဏ်လုပ်ငန်းနှင့် ငွေရေး ကြေး ရေးအဖွဲ့အစည်းများနှင့်သော် လည်း ကောင်း၊ ဒေသတွင်းနိုင်ငံများရှိ ငွေရေးကြေး ရေးအဖွဲ့အစည်းများနှင့်သော်လည်းကောင်း ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်နေရသည့်အချိန်ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုသည်။

ယင်းအခြေအနေတွင် ကောလဟာလ ကြောင့် ပြည်သူများအထိန့်တလန့်ဖြစ်ပေါ်မှုအပေါ် အခွင့်ကောင်းယူ၍ ရွှေနှင့် ဒေါ်လာ စျေးများမတည်မငြိမ်ဖြစ်စေရန် စျေးကစား၍ ကိုယ်ကျိုးစီးပွားရှာဖွေနေခြင်း တို့အပေါ် ပြည်သူများအနေနှင့် သတိချပ်ပြီး မယုံကြည် ကြရန် ဗဟိုဘဏ်က အသိပေးထားသည်။

Most Read

Most Recent