မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားများ အပါအဝင် ပြည်ပလုပ်သားများကို အော်ပရာစီဖြင့် ဆက်တိုက် ဖမ်းဆီးမှုများ ရှိနေ

မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားများ အပါအဝင် ပြည်ပလုပ်သားများကို အော်ပရာစီဖြင့် ဆက်တိုက် ဖမ်းဆီးမှုများ ရှိနေ
ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာလုပ်သားများကို ပြီးခဲ့သည့်နှစ်ပိုင်းက တွေ့ရစဉ်
ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာလုပ်သားများကို ပြီးခဲ့သည့်နှစ်ပိုင်းက တွေ့ရစဉ်
Published 8 June 2024

မလေးရှားတွင် မြန်မာလုပ်သားအပါအဝင် ပြည်ပလုပ်သားများကို အော်ပရာစီဖြင့် ဆက်တိုက်ဖမ်းဆီးမှုများရှိနေကြောင်း မလေးရှားရောက်မြန်မာလုပ်သားအချို့၏ ပြောကြားချက်များအရ သိရသည်။

“ နေ့တိုင်းနီးပါးလောက်ဖြစ်နေတယ်။ အဓိကဝင်စစ်တာက ပြည်ပလုပ်သားတွေ များတဲ့နေရာတွေမှာပါ။ ဖမ်းဆီးခံရတာတွေ လည်းရှိတယ်။ O (over stay) တွေဆိုဘယ် မှသွားလို့မရဘူး။ ကိုယ့်နေရာမှာတောင် ဘယ်အချိန် အော်ပရာစီဝင်မလဲဆိုတာ စောင့်ကြည့်နေရတယ်” ဟု မလေးရှားနိုင်ငံ ပီနန်မြို့တွင် သွားရောက်အလုပ်လုပ်ကိုင် လျက်ရှိသည့် မြန်မာလုပ်သားတစ်ဦးက ပြော ကြားသည်။

မလေးရှားနိုင်ငံတွင် အလုပ်သွား ရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ် သားအများစုမှာ စက်ရုံ၊ အလုပ်ရုံများနှင့် စား သောက်ဆိုင်၊ စတိုးဆိုင်များတွင် လုပ်ကိုင် လျက်ရှိကြောင်း မလေးရှားရောက်မြန်မာ လုပ်သားများထံမှ သိရသည်။

“ အများစုကတော့ စက်ရုံမှာလုပ်ကြတာ များတယ်။ စားသောက်ဆိုင်တို့ဘာတို့မှာလုပ် တဲ့သူတွေလည်းရှိတယ်။ အခုကတော့ အော် ပရာစီအသံကြားရင် ညတောင်မအိပ်နိုင်ဘူး ဖြစ်နေရတယ်။ ဖမ်းလည်းဖမ်းတယ်။ တော် တော်လေးကို သတိထားနေရတယ်။ အော်ပရာစီဝင်ရင် တံခါးပိတ်ထားရင် တံခါးတွေကို ပါ ဖျက်ပြီးဝင်စစ်တာ” ဟု မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်ရှိ အလုပ်ရုံတစ်ခုတွင် သွားရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာ လုပ်သားတစ်ဦးက ပြောကြားသည်။

ဇွန် ၁ ရက်မှစပြီး မြန်မာအပါအဝင် ရွှေ့ ပြောင်းလုပ်သားများကို ပြည်ဝင်ခွင့်ပိတ်ပင် ကြောင်း မလေးရှားအစိုးရက ထုတ်ပြန်ထား သည်။

မလေးရှားနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နှင့် အခြား ၁၅ နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများကို မေ ၃၁ ရက်နောက်ပိုင်း ပြည်ဝင်ခွင့်ပိတ်ပင် ကြောင်း ကြေညာခဲ့သဖြင့် ဇွန် ၁ ရက်မှစပြီး ရွှေ့ပြောင်းလုပ်သားများသည် မလေးရှားနိုင် ငံအတွင်း ဝင်ခွင့်ရတော့မည်မဟုတ်ကြောင်း The Business Standard  သတင်းတွင် ဖော်ပြ ထားသည်။

ထိုဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင် ဖွယ်မရှိကြောင်း မလေးရှား၏ ဒါကာမြို့တော် ဆိုင်ရာ မဟာမင်းကြီး ဟက်ဇ်နာမက် ဟာရှင်မ် က ပြောကြားခဲ့သည်။

“ မလေးရှားဟာ ကျွန်တော်တို့ရဲ့ အကြီး ဆုံး စျေးကွက်တွေထဲက တစ်ခုဖြစ်တာ ကြောင့် ဒီဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပါ လိမ့်မယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ အလုပ်သမားစုဆောင်းရေး အေဂျင်စီများ အ သင်း၏ အတွင်းရေးမှူးချုပ် အလီ ဟိုင်ဒါချို ဟူရီက ပြောသည်။

ပြီးခဲ့သည့်နှစ်က မလေးရှားနိုင်ငံသည် ဘင်္ဂလားဒေ့ရှ် လုပ်သားများအတွက် ဒုတိယ အကြီးဆုံး အလုပ်အကိုင်စျေးကွက်တစ်ခုဖြစ် ခဲ့ပြီး မလေးရှားတွင် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်း လုပ်သားပေါင်း ၄၀၀၀၀၀ ကျော်ရှိခဲ့သည်။

မလေးရှားပြည်ထဲရေးဝန်ကြီး ဆာအီ ဖူဒင်နက်ဆူရှင် အစ္စမေးလ်ကမူ ဇွန် ၁ ရက်မှ စပြီး မလေးရှားအစိုးရသည် လက်ရှိ လုပ်သား အင်အား ကန့်သတ်ပမာဏအောက်တွင် ပြည် ပလုပ်သားများကို ဝင်ခွင့်ပြုတော့မည်မဟုတ် ကြောင်း ကြေညာခဲ့သည်ဟု New Straits Timesသတင်းတွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် ရွှေ့ပြောင်းလုပ်သား ၃၀၀၀၀ ကျော်သည် နောက်ဆုံးရက်သတ်မှတ်ချိန်ကို လွဲချော်ဖွယ်ရှိပြီး မလေးရှားနိုင်ငံ၏ ကွာလာ လမ်ပူလေဆိပ်တွင် ရွှေ့ပြောင်းလုပ်သားများ ဖြင့် ပြည့်နှက်နေခဲ့ကြောင်း CAN သတင်းဌာန က ဖော်ပြခဲ့သည်။

မလေးရှားအစိုးရသည် ၂၀၂၅ ခုနှစ် အထိ မလေးရှား၏ လုပ်သားအင်အားစုစု ပေါင်းတွင် ပြည်ပလုပ်သားအင်အားပမာဏ ကို ၁၅ ရာခိုင်နှုန်းသာ ကန့်သတ်ခဲ့သည်။

ယခုနှစ် မတ် ၁၅ ရက်အထိ မလေးရှား နိုင်ငံတွင် ပြည်ပလုပ်သားပေါင်း ၂ ဒသမ ၁၇ သန်းအထိ ရှိကြောင်း မလေးရှား လူဝင်မှုကြီး ကြပ်ရေးဌာန၏ မှတ်တမ်းများအရ သိရသည်။