ဆုဖလား ရရှိမည့်အသင်းတွင် ကစားလိုကြောင်း အော်လ်မို ပြောကြား

ဆုဖလား ရရှိမည့်အသင်းတွင် ကစားလိုကြောင်း အော်လ်မို ပြောကြား
Photo: Dani Olmo X
Photo: Dani Olmo X
Published 18 July 2024

လိုက်ပ်ဇစ်အသင်းမှ စပိန်ကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မိုက မိမိအနေဖြင့် ဆုဖလားများ ရရှိမည့်အသင်းတွင် ကစားလိုကြောင်း ပြောကြားခဲ့သည်။

ယူရို ၂၀၂၄ ပြိုင်ပွဲတွင် စပိန်အသင်းအတွက် ခြေစွမ်းပြခဲ့သည့် အော်လ်မို(၂၆ နှစ်)အား ခေါ်ယူရန် မန်စီးတီးနှင့် ဘာစီလိုနာအပါအဝင် ဥရောပထိပ်တန်းအသင်းများက စိတ်ဝင်စားနေကြောင်း သိရှိရသည်။

အော်လ်မိုက ''ဂျာမနီမှာ ဆက်နေဖြစ်မလား၊ မနေဖြစ်ဘူးလားဆိုတာကို ကျွန်တော် မသိပါဘူး။ ကျွန်တော့်အနေနဲ့ တန်ဖိုးထားခံရပြီး အချစ်ခံရတဲ့ နေရာ၊ ဆုဖလားတွေ ရယူနိုင်တဲ့ နေရာမှာ နေချင်ပါတယ်။ ရွေးချယ်စရာတွေက အများကြီးပါပဲ။ ဘာဖြစ်လာမလဲ ကြည့်ရမှာပါ''ဟု ပြောကြားခဲ့သည်။

အော်လ်မို၏စျေးကွက်တန်ကြေးမှာ ပေါင်သန်း (၅၀) ကျော်ရှိကြောင်း သိရသည်။ 

Most Read

Most Recent