ဒီနွေမှာ

ဒီနွေမှာ
Photos: X
Photos: X
Published 29 May 2024
Wai Yan Aung

ဥရောပရဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီကတော့ ကန့်လန့်ကာချတဲ့အချိန်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီနေ့မှာ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ၊ လာမယ့်စနေနေ့မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားပြီးရင် ဥရောပဘောလုံးရာသီ အဆုံးသတ်ပြီလို့ ဆိုနိုင်ပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ဘောလုံးရာသီ ပြီးဆုံးသွားတဲ့ နွေရာသီကာလဟာ ဘောလုံးပရိသတ်တွေအတွက် ခြောက်သွေ့သော နေ့ရက်တွေပါပဲ။ ကလပ်အသင်းတွေရဲ့ ကစားသမားအပြောင်းအရွှေ့တွေ၊ နည်းပြအပြောင်းအလဲတွေကိုသာ စောင့်ကြည့်ကြရပြီး ရာသီကြိုခြေစမ်းပွဲတွေ၊ နွေရာသီ ဖိတ်ခေါ်ပြိုင်ပွဲတွေ လောက်နဲ့ပဲ နှစ်သိမ့်ကျေနပ်ကြရတာပါ။ ဒီနွေကတော့ ခြားနားသွားပါပြီ။ ဒီနွေမှာ လက်ရွေးစင်အဆင့် ထိပ်တန်းပြိုင်ပွဲနှစ်ခုနဲ့အတူ အိုလံပစ်ပြိုင်ပွဲလည်း ရှိနေတာကြောင့်ပါ။ ဥရောပလက်ရွေးစင်အသင်းတွေ ဆင်နွှဲကြမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲ၊ တောင်အမေရိကလက်ရွေးစင်အသင်းတွေ ဆင်နွဲကြမယ့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲနဲ့ ပါရီအိုလံပစ်ပြိုင်ပွဲတွေ ဖြစ်ပါတယ်။ ယူရိုနဲဲ့ ကိုပါအမေရိက ပြိုင်ပွဲကို ဇွန်၊ ဇူလိုင်မှာ ကျင်းပမှာဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲကို ဇူလိုင်လကနေ သြဂုတ်လအထိ ကျင်းပသွားမှာဖြစ်တာကြောင့် ဒီနွေက ဘောလုံးပရိသတ်တွေအတွက် နားချိန်မရတဲ့နွေလို့လည်း သတ်မှတ်နိုင်ပါတယ်။

 

Most Read

Most Recent