■ ယူရိုကာလအတွင်း စာချုပ်သစ်အတွက် ဆွေးနွေးခြင်းမရှိဟု ဆာလီဘာ ဆို     

■ ယူရိုကာလအတွင်း စာချုပ်သစ်အတွက် ဆွေးနွေးခြင်းမရှိဟု ဆာလီဘာ ဆို     
Photo: Getty Images
Photo: Getty Images
Published 21 June 2024

အာဆင်နယ်အသင်း၏ နောက်ခံလူ ဆာလီဘာက ယူရိုပြိုင်ပွဲကာလအတွင်း စာချုပ်သစ်အတွက် ဆွေးနွေးခြင်းမရှိဟု ပြောကြားခဲ့သည်။ 

ပြင်သစ်နောက်ခံလူ ဆာလီဘာ(၂၃ နှစ်)သည် အာဆင်နယ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆို ထားသူဖြစ်သည်။ 

လက်ရှိအချိန်တွင် ပြိုင်ဘက်ထိပ်သီးအသင်းများ၏ စိတ်ဝင်စားခြင်းခံနေရသောကြောင့် အာဆင်နယ်အသင်းက ၎င်းအား သက်တမ်းတိုးစာချုပ်သစ် ပြင်ဆင်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။ 

သို့သော် ဆာလီဘာက ယူရိုကာလတွင် အာဆင်နယ်အသင်းနှင့် မည်သည့်ဆက်သွယ်မှုမျှမရှိဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent