ဒဏ်ငွေကြောင့် ဂွါဒီယိုလာ ပထမပိုင်းအပြီး စကားပြောချိန် လျှော့ချမည်

ဒဏ်ငွေကြောင့် ဂွါဒီယိုလာ ပထမပိုင်းအပြီး စကားပြောချိန် လျှော့ချမည်
Photo: X
Photo: X
Published 5 August 2024

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပွဲစတင်ကစားရန်နှင့် ပထမပိုင်းအပြီး ကွင်းထဲပြန်ဝင်ရောက်ချိန်များတွင် ခိုင်မာသည့်အကြောင်းပြချက်မရှိဘဲ နောက်ကျမှုကြောင့် ဒဏ်ငွေ တပ်ရိုက်ခံရပြီးနောက် သူ၏စကားပြောချိန်ကို လျှော့ချသွားမည်ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် နှစ်ရာသီအတွင်း ပွဲကစားရန် ကွင်းထဲဝင်ရောက်ချိန် နောက်ကျမှု (၂၂)ကြိမ်ရှိခဲ့ပြီး ဒဏ်ငွေ ပေါင်(၂.၀၉)သန်း တပ်ရိုက်ခံခဲ့ရခင်းဖြစ်သည်။

''ကျွန်တော် သတင်းတွေ ဖတ်ပြီးပါပြီ။ ပထမပိုင်းအပြီး စကားပြောတာကို ခပ်တိုတိုပဲပြောဖို့ ကျွန်တော် ကြိုးပမ်းသွားမှာပါ''ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဝက်စ်ဟမ်းနှင့် ရာသီနောက်ဆုံးပွဲတွင် ကွင်းထဲ ပြန်ဝင်ရန် (၃)မိနစ်နီးပါး နောက်ကျခဲ့ကြောင်း သိရသည်။

Most Read

Most Recent