■ ယူရို-၂၀၂၄ နဲ့ ဘက်စ်ကေးသားတွေရဲ့ အောင်ပွဲ

■ ယူရို-၂၀၂၄ နဲ့ ဘက်စ်ကေးသားတွေရဲ့ အောင်ပွဲ
Photo: Getty Images
Photo: Getty Images
Published 19 July 2024
Chan Myae

အစဉ်အလာ၊ ဓလေ့ထုံးတမ်းနဲ့ အသင်းတွေက ဘောလုံးကမ္ဘာမှာ တန်ဖိုးထားလေးစားခြင်းကို ခံရပါတယ်။ အဲဒီအထဲမှာ ဘီလ်ဘာအိုက ထိပ်ဆုံးက အပါအဝင်ဖြစ်လိမ့်မယ်။ သူတို့ဟာ ဘက်စ်ကေးဒေသမှာ မွေးဖွားသူ၊ ကြီးပြင်းသူ၊ ဘက်စ်ကေးဒေသဘောလုံးနဲ့ ထိတွေ့ဖူးသူတွေကိုပဲ သူတို့အသင်းမှာ ပေးကစားစေတာဖြစ်တယ်။ အလွန်နည်းပါးတဲ့ ခြွင်းချက်ကလွဲလို့ တစ်သင်းလုံးမှာ ဘက်စ်ကေးအငွေ့အသက်တွေနဲ့ ခြုံလွှမ်းထားတယ်။ ဒီလိုမျိုး သူတို့ရဲ့ ရိုးရာနဲ့ အစဉ်အလာကို အသားပေးရင်း တစ်ချိန်တည်းမှာ ဂုဏ်ယူစရာ အောင်မြင်မှုတွေလည်း ယူနေနိုင်တာကို အခုနောက်ပိုင်းမှာ တွေ့နေရပါတယ်။

 

Most Read

Most Recent