မြောက်ကိုရီးယားနှင့် အပြန်အလှန် ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် ပြုံယမ်းခရီးစဉ်အပြီးတွင် ဗီယက်နမ်သို့ သမ္မတပူတင် ရောက်ရှိ

မြောက်ကိုရီးယားနှင့် အပြန်အလှန် ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် ပြုံယမ်းခရီးစဉ်အပြီးတွင် ဗီယက်နမ်သို့ သမ္မတပူတင် ရောက်ရှိ
Published 20 June 2024

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် အပြန်အလှန် ကာကွယ်ရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး တစ်ရက်အကြာ ဇွန် ၂၀ ရက်က ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဗီယက်နမ်သို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ဆက်လက်သွားရောက် ခဲ့ပြီး ဗီယက်နမ်သမ္မတနှင့် တွေ့ဆုံခဲ့သည်။

တိုက်ခိုက်ခံရမည်ဆိုလျှင် အချင်းချင်း အပြန်အလှန်အကူအညီပေးမည့် ကတိကဝတ်ပါဝင်သော မဟာဗျူဟာမြောက် သဘောတူစာချုပ်တစ်ရပ်ကို ပြုံယမ်းခရီးစဉ်အတွင်း ပူတင်နှင့် ကင်ဂျုံအွန်တို့ လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် ယူကရိန်းတွင် ရုရှားကဆင်နွှဲနေ သော စစ်ပွဲအား အပြည့်အဝထောက်ခံမည် ဟုလည်း ကင်က ကတိပြုခဲ့သည်။

ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားက ရုရှားအား ဒုံးလက်နက်နှင့် ခဲယမ်း ကျည်များ ပေးပို့နေသည်ဟု အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက စွပ်စွဲထားသည်။ သို့ဖြစ်ရာ ရုရှားနှင့် မြောက်ကိုရီးယားတို့အကြား လတ်တလော ချုပ်ဆိုခဲ့သည့် အပြန်အလှန် ကာကွယ်ရေးသဘောတူစာချုပ်အရ မြောက် ကိုရီးယားက ရုရှားအား စစ်လက်နက်နှင့် ခဲယမ်းကျည်များ ထပ်မံပေးပို့လာမည်ကို စိုး ရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ရုရှား-မြောက်ကိုရီးယားဆက်ဆံရေး ခိုင်မာနက်ရှိုင်းလာခြင်းသည် ကြီးမားသော စိုးရိမ်စရာတစ်ခုဖြစ်သည်ဟု အမေရိကန်နိုင် ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ယူ ကရိန်းအစိုးရ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက လည်း မြောက်ကိုရီးယားသည် ယူကရိန်းပြည် သူများကို ရုရှားက အစုလိုက်အပြုံလိုက် သတ် ဖြတ်နေမှုအား အားပေးကူညီနေသည်ဟု စွပ်စွဲထားသည်။

ဇွန် ၂၀ ရက်တွင် ဗီယက်နမ်သို့ရောက်ရှိ လာသည့် သမ္မတပူတင်အား ဗီယက်နမ်သမ္မတသစ် တိုလမ်က မြို့တော်ဟနွိုင်းရှိ သမ္မတ အိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။ ပူတင်သည် သမ္မတတိုလမ်အပြင် ဗီယက်နမ် ၏ သြဇာကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် အာဏာရ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူကျောင့် အပါအဝင် ဗီယက်နမ်ထိပ် တန်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး မည်ဖြစ်သည်။

၂၄ နှစ်အတွင်း ပြုံယမ်းသို့ ပထမဆုံးအ ကြိမ် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပူတင်က မြောက်ကိုရီးယားနှင့် စစ်ဘက်နည်းပ ညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် နိုင်ခြေကို ငြင်းပယ်ခဲ့ခြင်းမရှိပေ။ မြောက်ကို ရီးယားသည်လည်း ရုရှားနည်းတူ နိုင်ငံတကာ ၏ ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသည်။

“မျက်မှောက်ကမ္ဘာမှာ မိမိတို့ဟာ အမေ ရိကန်နဲ့ အမေရိကန်သြဇာခံ နိုင်ငံတွေရဲ့ ဗိုလ်ကျစိုးမိုးရေးဝါဒနဲ့ ကိုလိုနီလက်သစ် အ လေ့အထတွေကို အတူတကွ အန်တုရင်ဆိုင် နေတယ် ”ဟု ပူတင်က ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး မြောက်ကိုရီးယား နိုင်ငံ တည်ထောင်ပြီးကတည်းက မြောက်ကို ရီးယားနှင့် ရုရှားတို့သည် မဟာမိတ်များအဖြစ် ရပ်တည်ခဲ့ကြပြီး ၂၀၂၂ ခုနှစ်တွင် ယူကရိန်း ကို ကျူးကျော်ပြီးနောက်ပိုင်း ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတွင် အထီးကျန်လာသည့် ရုရှားသည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးပိုမိုရင်းနှီး လာခဲ့သည်။

ပူတင်သည် ကိုရီးယားလူမျိုးများ၏ အ ချစ်ခင်ရဆုံး မိတ်ဆွေဖြစ်သည်ဟု ကင်က ပြောကြားခဲ့ပြီး ယူကရိန်းစစ်ပွဲတွင် ရုရှားဘက် မှ အပြည့်အဝထောက်ခံမည်ဟုလည်း အခိုင် အမာကတိပြုခဲ့သည်။             Ref: AFP

         

Most Read

Most Recent