နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်း၊ နီပေါနှင့် ကာတာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ တီဟီရန်မြို့၌ သီးခြားစီ တွေ့ဆုံဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်း၊ နီပေါနှင့် ကာတာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ တီဟီရန်မြို့၌ သီးခြားစီ တွေ့ဆုံဆွေးနွေး
Published 27 June 2024

အာဆီယံနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်း၊ နီပေါနှင့် ကာတာကိုယ်စားလှယ်အ ဖွဲ့ခေါင်းဆောင်များ တီဟီရန်မြို့၌ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

(၁၉) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့(အေစီဒီ) ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် တီဟီရန်မြို့၌ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇွန် ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiampongsa နှင့် လည်းကောင်း၊ ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Narayan Kaji Shrestha Prakash နှင့်လည်းကောင်း၊ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ကာတာနိုင်ငံ State Minister of Foreign Affairs Mr. Soltan Sand S.K.Al-Moraikhi  နှင့်လည်းကောင်း တီဟီရန်မြို့ရှိ ပါရှန်အဇာဒီဟိုတယ်၌ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနှင့်ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာစေရေး၊ နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အေစီဒီ၊ အာဆီယံနှင့် ဘင်းမ်စတက်မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့သည်။

နီပေါဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ မြန်မာနှင့်နီပေါနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကာတာ  State Minister of Foreign Affairs နှင့်တွေ့ဆုံစဉ် မြန်မာ-ကာတာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ အေစီဒီအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent