ကျုံအိတ်တံတားဘေး မြေသားလမ်းလွှဲမှ ဖြတ်သန်းရန်စောင့်ဆိုင်းနေသည့် ၁၂ ဘီး ကုန်တင်ယာဉ်မောင်းတစ်ဦး ကားခေါင်းခန်းအတွင်း သေဆုံး

ကျုံအိတ်တံတားဘေး မြေသားလမ်းလွှဲမှ ဖြတ်သန်းရန်စောင့်ဆိုင်းနေသည့် ၁၂ ဘီး ကုန်တင်ယာဉ်မောင်းတစ်ဦး ကားခေါင်းခန်းအတွင်း သေဆုံး
ဓာတ်ပုံ-ရှင်သန်ခြင်းနှင့် နာရေးကူညီမှုအသင်း (ဘီးလင်း)
ဓာတ်ပုံ-ရှင်သန်ခြင်းနှင့် နာရေးကူညီမှုအသင်း (ဘီးလင်း)
Published 22 May 2024

မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားဘေး မြေသားလမ်းလွှဲ မှ ဖြတ်သန်းရန် စောင့်ဆိုင်းနေသည့် ၁၂ဘီး ကုန်တင်ယာဉ်မောင်းတစ်ဦးမှာ ကားခေါင်း ခန်း အတွင်း အိပ်ပျော်လျက် သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ဘီးလင်းအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရှိရ သည်။

မေလ ၁၉ ရက်က ညပိုင်းက အဆိုပါ ကျုံအိတ်တံတားဘေးမြေသားလမ်းလွှဲမှ ဖြတ် သန်းရန် မော်တော်ယာဉ်များ စောင့်ဆိုင်းနေ ကြစဉ် မိုးရွာသွန်းမှုဖြစ်ပွားခဲ့သည့်အတွက် ၁၂ဘီးကုန်တင်ယာဉ်မောင်းဖြစ်သူမှာ ကားခေါင်းခန်းအတွင်း ဝင်အိပ်ခဲ့ပြီး၊ ကားစပယ်ယာဖြစ်သူမှာ ၁၂ ဘီးကုန်တင်ယာဉ်အောက် ဝင်အိပ်ခဲ့သည်ဟု သိရကြောင်း လူမှုကယ် ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

၎င်းကဆက်လက်ပြီး “မေလ ၂၀ ရက် မနက်ပိုင်းမှာ စပယ်ယာက ယာဉ်မောင်းကို သွားနှိုးတဲ့အခါမှာနှိုးလို့မရတော့ဘူး။ အသက် မရှိတော့ဘူးလို့ သိရတယ်။ ကားသမား သေ ဆုံး နေတဲ့ပုံစံက ညလယ်လောက်ကတည်း က သေဆုံးနေတဲ့ ပုံစံမျိုးတွေ့ရတယ်” ဟု ပြောကြားသည်။

သေဆုံးနေသူ ယာဉ်မောင်းဖြစ်သူမှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မရှိဘဲ ကားခေါင်း ခန်းအတွင်း အလုံပိတ်မှန်တင်ကာ အိပ်နေ စဉ် အောက်ဆီဂျင်ပြတ်တောက်ကာ သေဆုံး ခဲ့ သည်ဟု ယူဆရကြောင်းနှင့် အလောင်းအား ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းင်းက ဆိုသည်။

မွန်ပြည်နယ် သထုံမြို့နယ်နှင့် ဘီးလင်း မြို့နယ် ကြား ရန်ကုန် - မော်လမြိုင်ကားလမ်း ပေါ်ရှိ ကျုံအိတ်တံတားမှာ ပြီးခဲ့သည့် မေလ ၁၁ ရက် နံနက်အစောပိုင်းအချိန်က မိုင်း ထောင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီးနောက် ထို ကား လမ်းမအား သုံးပြုသွားလာနေကြသည့် မော် တော်ယာဉ်များအနေဖြင့် ကျေးရွာချင်း ဆက်လမ်းများမှတစ်ဆင့် သွားလာခဲ့ကြရ သည့် အပြင် ကျုံအိတ်တံတားဘေး မြေသား လမ်းလွှဲပြုလုပ်ပြီးသည့်နောက်တွင်လည်း နှစ်ဖက်ယာဉ်များအား အလှည့်ကစနစ်ဖြင့် ဖြတ်သန်းသွားလာခွင့်ပြုထားသည့်အတွက် ယင်းလမ်းပိုင်းနေရာတွင် မော်တော်ယာဉ် ရာနှင့်ချီပြီး ပိတ်ဆို့နေကြောင်း ခရီးသွား ပြည်သူများနှင့် မော်တော်ယာဉ်မောင်း နှင်သူ များ၏ ပြောကြားချက်များအရ သိရသည်။

Most Read

Most Recent