သီလဝါဓာတ်အားလိုင်း၏ CVT အသစ် လဲလှယ်အစားထိုးခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်သဖြင့် ရန်ကုန်တိုင်းရှိ မြို့နယ်အချို့ မီးပြတ်မည်

သီလဝါဓာတ်အားလိုင်း၏ CVT အသစ် လဲလှယ်အစားထိုးခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်သဖြင့် ရန်ကုန်တိုင်းရှိ မြို့နယ်အချို့ မီးပြတ်မည်
Published 22 June 2024

သီလဝါဓာတ်အားလိုင်း၏ CVT အသစ် လဲလှယ်အစားထိုးခြင်းလုပ်ငန်း ဆောင်ရွက် မည်ဖြစ်သဖြင့် ရန်ကုန်ရှိမြို့နယ်အချို့ မီးပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း(YESC) က ထုတ်ပြန် သည်။

လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ် ကဲရေးဉီးစီးဌာန 230 KV သီလဝါဓာတ်အား လိုင်း၏ CVT အသစ်လဲလှယ်အစားထိုးခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် သန်လျင်ပင်မ ဓာတ်အားခွဲရုံ၏ Main Bus အား ဇွန် ၂၃ ရက်  နံနက် ၁၁ နာရီ မှ နေ့လည် ၂ နာရီအထိ     ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်ရ မည် ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းက ထုတ်ပြန်သည်။

အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်ကာ လအတွင်း သန်လျင်မြို့နယ်၊ ကျောက်တန်း မြို့နယ်၊  သုံးခွမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊  ဒဂုံ မြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်နှင့် ရွှေပေါက္ကံမြို့နယ် များ၏ ရပ်ကွက်နေရာအချို့ တွင် ယာယီဓာတ် အား ပြတ်တောက်နေမည်ဖြစ်ကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှု မရှိစေ ရေး၊ ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေး အတွက် အလေးထားဆောင်ရွက်သွား မည် ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားကော် ပိုရေးရှင်းက ထုတ်ပြန်ထားသည်။

လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်း အင်သုံးစက်ရုံများရှိ သဘာဝဓာတ်ငွေ့ အသုံး ပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအချိုးသည် ရာခိုင်နှုန်း ၅၀ ခန့်ရှိသော်လည်း သဘာဝ ဓာတ်ငွေ့ရရှိနိုင်မှု လျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေး နိုင်မှုသည်လည်း ယခုကာလအတွင်း ၄၄၆ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပြီး စုစုပေါင်း စက်များ၏ တင်ဆင်အင်အားများမှ ရေအား နှင့် သဘာဝဓာတ်ငွေ့သုံး စက်ရုံများ၏ ထုတ် လုပ်မှုတွင် ၇၉၉ မဂ္ဂါဝပ်ခန့် အသားတင် လျော့ နည်းထုတ်လုပ်ရလျက်ရှိကြောင်း လျှပ်စစ်စွမ်း အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

၂၀၂၃ ခုနှစ် မုတ်သုံရာသီ၌ ပုံမှန်မိုးရွာ သွန်းမှုအောက်၌ ဆက်လက်ရှိနေ၍ ဆည်များ ၌ ရေပြည့်ဝစွာမရရှိခြင်း၊ ဓာတ်အားစနစ် အတွင်း တစ်နိုင်ငံလုံးကို ဓာတ် အား စဉ်ဆက် မပြတ် တည်ငြိမ်စွာရရှိစေရန်အတွက် မိုးမကျ မီကာလအတွင်းအထိ ဓာတ်အားပြတ်တောက် မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် နိုဝင်ဘာမှ ဇွန်လအထိ ယခင် သိုလှောင်ထားရှိ သည့် ရေများကို ချိန်ညှိ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရခြင်း၊ သဘာဝဓာတ်ငွေ့ရရှိမှုတို့ကို ထိန်းညှိ၍ လုံလောက်စွာမရရှိသဖြင့် တပ်ဆင် ထားသောစက်များ၏ စက်စွမ်းအားပြည့် လည် ပတ်နိုင်မှုမရှိခြင်း စသည်တို့ကြောင့် ယခု ကာလတွင် တစ်ရက်ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ် ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်ပေးလျက်ရှိ ကြောင်း သိရသည်။

Most Read

Most Recent