စက်သုံးဆီဈေးများ ထပ်မံကျဆင်း၊ တစ်လီတာ ကျပ် ၃၀ ကျော်ကျဆင်းလာ

စက်သုံးဆီဈေးများ ထပ်မံကျဆင်း၊ တစ်လီတာ ကျပ် ၃၀ ကျော်ကျဆင်းလာ
Published 7 June 2024

စက်သုံးဆီဈေးများ ထပ်မံကျဆင်းလာပြီး တစ်လီတာ ကျပ် ၃၀ ကျော်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ဇွန် ၇ ရက်တွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးများမှာ ၉၂ တစ်လီတာ ၂၄၉၅ ကျပ်၊ ၉၅ တစ်လီတာ ၂၆၁၅ ကျပ်ဖြစ်သည်။

အလားတူ ပရီမီယံဒီဇယ်ဈေးမှာ တစ်လီတာ ၂၃၅၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၃၀၅ ကျပ်ဖြစ်သည်။

ဇွန် ၆ ရက်တွင် ရောင်းချခဲ့သည့် ဈေးနှုန်းများမှာ ၉၂ တစ်လီတာ ၂၅၆၅ ကျပ်၊ ၉၅ တစ်လီတာ ၂၆၆၅ ကျပ် ဖြစ်သည်။

ပရီမီယံဒီဇယ်ဈေးမှာ တစ်လီတာ ၂၃၈၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၃၃၀ ကျပ်ဖြစ်သည်။

ယင်း‌ကြောင့် ၉၂ တစ်လီတာ ကျပ် ၇၀၊ ၉၅ တစ်လီတာ ကျပ် ၅၀ ကျဆင်းခဲ့သည်။

ဒီဇယ်ဈေးနှုန်းများမှာလည်း ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၃၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅ ကျပ် ကျဆင်းလာသည်ကို တွေ့ရသည်။

စက်သုံးဆီဈေးနှုန်းများမှာ ဈေးအမြင့်တွင်ရှိနေရာမှ ဇွန်လအစပိုင်းမှ စတင်ကာ ကျရိပ်ပြလာခဲ့ပြီး လက်ရှိတွင် ထပ်မံကျဆင်းလာခြင်းလည်းဖြစ်သည်။

စက်သုံးဆီများကို ရန်ကုန်တိုင်းဒေသကြီး သီလဝါမှတစ်ဆင့် မြန်မာတနိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချနေခြင်း ဖြစ်သည်။

Most Read

Most Recent