KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း အသည်းရောဂါဖြင့် ကွယ်လွန်

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း အသည်းရောဂါဖြင့် ကွယ်လွန်
Published 14 May 2024

ကချင်လွတ်မြောက်ရေးတပ် (KIA) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း  မေ ၁၃ ရက်ညနေပိုင်းက အသည်းရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းသည် အသည်းရောဂါဖြင့် နာမကျန်းဖြစ်နေရာမှ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး မေ ၁၅ ရက်တွင် သဂြိုဟ်ရန် ပြင်ဆင်ထားကြောင်း ၎င်း၏ မိတ်ဆွေများက ဆိုသည်။

“တရုတ်ဘက် ဆေးကုနေတာတော့ ကြာပြီ။ ပြန်ခဲ့တာ သုံးလေးရက် ရှိအုံးမှာပေါ့။ လူချစ်လူခင်များတဲ့တပ်မှုး တစ်ယောက်ပဲ။ ဂီတာတို့ဘက်မှလည်း ထူးချွန်တယ်။ မနက်ဖြန် အသုဘကိစ္စလုပ်ကြဖို့ ပြင်နေကြတယ်” ဟု ဆိုသည်။

အသက် (၆၂) နှစ်အရွယ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းသည် ရန်ကုန်တက္ကသိုလ်မှ(B.sc) ဘွဲ့ရခဲ့သူဖြစ်ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း KIA သို့ ဝင်ရောက်အမှုထမ်းခဲ့သည်။

ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် KIA ၏ ဒုတိယစစ်ဦးစီးချုပ်မှ စစ်ဦးစီးချုပ်ရာထူး တိုးမြင့်ခဲ့ပြီး မဟာမိတ် အမှတ် ၁ စစ်ဒေသမှူးအဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။

Most Read

Most Recent