ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ပစ္စည်းဟောင်း အရောင်းဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး မြန်မာလုပ်သားတစ်ဦး သေဆုံးခဲ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ပစ္စည်းဟောင်း အရောင်းဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး မြန်မာလုပ်သားတစ်ဦး သေဆုံးခဲ့
Photo - Thai News
Photo - Thai News
Published 15 May 2024

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ဖတ်ခနုံ နယ်မြေရှိ ပစ္စည်းအဟောင်များရောင်းချသည့်ဆိုင်တွင် လေအေးပေးစက်ပိုက်အား ဓာတ်ငွေ့သုံးပြီး ဖြတ်တောက်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး မြန်မာလုပ်သား တစ်ဦသေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု မေလ ၁၂ ရက် မွန်းလွဲပိုင်း က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပစ္စည်းအဟောင်းဆိုင် လေအေးပေးစက် ပိုက်လိုင်းအား ဓါတ်ငွေ့သုံးဖြတ်တောက်နေစဉ် ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားသူမှာ အသက် ၃၆ နှစ်အရွယ်ရှိ  မြန်မာလုပ်သား ကရင်တိုင်းရင်းသား စောဝါးမားထူး ဆိုသူဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ရပ်မှာ လုပ်ငန်းခွင် လုပ်ငန်းလုပ်ဆောင်နေစဉ် မတော်တဆ ဖြစ်ပွားခြင်းဖြစ်၍ ထိုင်းဥပဒေပါ နစ်နာကြေးများရရှိအောင် လူ့အခွင့်အရေးတိုးတက်မှုဖောင်ဒေးရှင်းHRDF နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရရှိရုံးတို့နှင့် ဆက်သွယ်ဆောင်ရွက်ဖို့လိုအပ်ကြောင်း မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA )ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောသည်။

"မြန်မာလုပ်သားက ဓါတ်ငွေ့သုံးပြီး လေ အေးပေးစက် ပိုက်လိုင်းတွေဖြတ်တဲ့ခါ ပေါက်ကွဲတာဖြစ်တာမို့လို့ လုပ်ငန်းခွင်ဝင်နေစဉ်မှာ မတော်တဆမှုနဲ့ သေဆုံးတဲ့အတွက် အသက်ဖိုးလျော်ကြေးရဖွယ်ရှိတယ်ဗျ။သူ့ရဲ့ စာရွက်စာတမ်းအထောက်အထားတွေကို နီးစပ်ရာဆွေမျိုးတွေက ထိုင်းလူ့အခွင့်အရေးတိုးတက်မှုဖောင်ဒေးရှင်း HRDF နဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံး လမ်းကြောင်းကနေတွဲ့ပြီးတော့ မိမိအခွင့်အရေး၊ မိမိနိုင်ငံသားတွေအတွက်လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်တွေကိုလည်း တပါတည်း တောင်းဆိုနိုင်အောင် ကျန်ရစ်သူမိသားစုကို စုစည်း HRDF နဲ့ အလုပ်သမားသံအရာရှိရုံးကို ဆက်သွယ် ကူညီပေးဖို့လိုအပ်ပါတယ်။

 ထိုင်းဥပဒေပါ အသက်ထိုး လျော်ကြေးရပါမယ်။လောလောဆယ်ကတော့ သေဆုံးသွားတာဖြစ်တဲ့အတွက် သဂြို်စရိတ်ထိုင်းငွေဘတ်၂၀၀၀၀ အရင်ဆုံးထုတ်ရပါမယ်။ ပြီးတဲ့ခါမှာ အဲဒီအလုပ်သမားရဲ့လုပ်ငန်းခွင် လုပ်သက်နဲ့အညီ အသက်ဖိုးလျော်ကြေး၊လူမှုဖူလုံရေးရံပုံငွေထည့်ထားရင် လူမှုဖူလုံရေးရံပုံငွေ အပါအဝင် လျော်ကြေးသုံးခုလောက်ရနိုင်ဖွယ်ရှိပါတယ်။ဒီနေရာမှာကိုယ့်အချင်းချင်းကူညီရိုင်းပင်း ကြဖို့လည်း မေတ္တာရပ်ခံလိုပါတယ်"ဟု ဦးမိုးကြိုးကပြောကြားခဲ့သည်။

လေအေးပေးပိုက် ဖြတ်တောက်နေသော မြန်မာလုပ်သားသည် ပေါက်ကွဲမှုကြောင့် လက်တစ်ဖက် ပြတ်ထွက်သွားခဲ့ပြီးမျက်နှာနှင့် ခန္ဓာကိုယ်တို့တွင် ဒဏ်ရာရရှိခဲ့၍ ကယ်ဆယ်ရေးအဖွဲ့များက ချူလာလောင်ကွန်းဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာ ပြင်းထန်ခြင်းကြောင့် သေဆုံးသွားခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရ သိရသည်။

 

Most Read

Most Recent