စားသုံးဆီ တင်သွင်းရောင်းချသူများအတွက် ၆၅ ရာခိုင်နှုန်းကို အွန်လိုင်းငွေလဲနှုန်း၊ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်စျေးဖြင့် နိုင်ငံခြားငွေလဲလှယ်ပေးနေကြောင်း သိရ

စားသုံးဆီ တင်သွင်းရောင်းချသူများအတွက် ၆၅ ရာခိုင်နှုန်းကို အွန်လိုင်းငွေလဲနှုန်း၊ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်စျေးဖြင့် နိုင်ငံခြားငွေလဲလှယ်ပေးနေကြောင်း သိရ
   စားအုန်းဆီတင်သင်္ဘောမှ ရောက်ရှိလာသည့်စားအုန်းဆီများအနက် မအူပင်မြို့နယ်သို့ ပို့ဆောင်ရန် စီစဉ်နေစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
 စားအုန်းဆီတင်သင်္ဘောမှ ရောက်ရှိလာသည့်စားအုန်းဆီများအနက် မအူပင်မြို့နယ်သို့ ပို့ဆောင်ရန် စီစဉ်နေစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
Published 22 June 2024

စားသုံးဆီတင်သွင်းရောင်းချသူများအတွက် ၆၅ ရာခိုင်နှုန်းကို အွန်လိုင်းငွေလဲနှုန်း၊ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်စျေး များဖြင့် ဒေါ်လာလဲလှယ်ပေးနေကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းဥက္ကဌ ဦးဆန်းလင်းကပြောကြား သည်။

၃၅ ရာခိုင်နှုန်းကို ၂၁၀၀ နဲ့ ရောင်းပေး တယ်။ ကျန်တဲ့ ၆၅ ရာခိုင်နှုန်းကို အွန်လိုင်း  Trading ကနေ ရောင်းပေးတယ်။ အဲ့ဒါက လည်း ၃၃၀၀ ဝန်းကျင်လောက်ပဲရှိတယ်။ အဲ့ဒီစျေးနှုန်းတွေနဲ့ ဒေါ်လာကို ရောင်းချပေး နေတယ်။ အခုက ပြင်ပမှာ ကြားနေရတာက နိုင်ငံတော်ကနေ တင်သွင်းလာတဲ့စားသုံးဆီ တွေကို စျေးနှုန်းကို နိုင်ငံခြားငွေပေါက်စျေးနဲ့ မချိန်ဘဲနဲ့ မတရားသတ်မှတ်ပြီး နှိမ်ပြီးရောင်း ချခိုင်းနေတယ်ကြားရတယ်။ အဲ့ဒါက မဟုတ် ဘူး။ ဘာလို့ မဟုတ်ဘူး ပြောရလဲဆိုရင် စား အုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီကို ၃၅ ရာခိုင်နှုန်း ကို ၂၁၀၀ နဲ့ ရောင်းပေးထားတယ်။ ကျန်တာ ကိုလည်း ရောင်းပေးထားတယ်။ ၆၅ ရာခိုင်နှုန်း ကိုလည်း ၃၃ ဝန်းကျင်နဲ့ ဗဟိုဘဏ်ရည်ညွှန်း စျေးအတိုင်း ရောင်းပေးထားတယ်။ အဲ့ဒီနှစ် ခုကို ပျမ်းမျှတွက်ချက်မယ်ဆိုရင် စားအုန်းဆီ တပိသာ ရည်ညွှန်းသတ်မှတ်စျေးနှုန်းက သက် ဆိုင်ရာ စရိတ်စကတွေ အကုန်ပေါင်းလိုက် မယ်ဆိုရင် စားအုန်းဆီသွင်းရင် သင်္ဘောသယ် ခတွေ၊ အခွန်ဆောင်ခတွေ ကျန်တဲ့စရိတ်တွေ အကုန်ပေါင်း အဲဒါတွေအားလုံးပေါင်းပြီးတော့ မှ နှစ်ရာခိုင်နှုန်းအမြတ်ယူဖို့ သတ်မှတ်ပေး ထားတာ ဟု ဥက္ကဋ္ဌ ဦးဆန်းလင်းကပြောကြား သည်။

ဒေါ်လာရောင်းချပေးရာတွင် ပြည်ပမှ စားအုန်းဆီများကို သယ်ဆောင်လာသည့် သင်္ဘောများရောက်ရှိလာပါကအစိုးရက ယင်း သို့ ရောင်းချပေးနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သင်္ဘောတစ်စင်းရောက်ရင် တခါ ရောင်းပေးတယ်။ သင်္ဘောရောက်တိုင်းရောင်း ပေးတယ်။သင်္ဘောထွက်လာပြီဆို လိုင်စင် လျှောက်ရတယ်။ လျှောက်တဲ့အချိန်မှာ ၃၅ ရာခိုင်နှုန်းရောင်းပေးတယ်။ ပြီးရင် ၆၅ ရာခိုင် နှုန်းကို ထပ်ရောင်းပေးတယ် ဟု ဦးဆန်းလင်း က ပြောကြားသည်။

စားအုန်းဆီစျေးနှုန်းများကို လက်ရှိတွင် သယ်ယူပို့ဆောင်ခစရိတ်၊ အခွန်ဆောင်ခအ စရှိသည်တို့ကို ပေါင်းပြီး အမြတ် နှစ်ရာခိုင်နှုန်း သာယူရန် သတ်မှတ်ထားကြောင်း သိရ           သည်။

တစ်ဆင့်ပြန်လည်ရောင်းချတဲ့သူတွေ အတွက်လည်း မှန်မှန်ကန်ကန်နဲ့ နှစ်ရာခိုင်နှုန်း အမြတ်ယူ ရောင်းချပေးရင် ကျွန်တော်တို့အ တွက် win – win ပါပဲ ဟု မြန်မာနိုင်ငံဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းကပြောကြားသည်။

မြန်မာနိုင်ငံသို့ ပြည်ပမှစားအုန်းဆီတင် သွင်းရာတွင် စက်မှုလုပ်ငန်းသုံးများနှင့် အများ ပြည်သူသုံးဟု နှစ်မျိုးခွဲခြားပြီး တင်သွင်းနေ ခြင်းဖြစ်သည်။

အများပြည်သူသုံး စားအုန်းဆီကို တစ်လ လျှင် တန်ချိန် လေးသောင်းကျော်တင်သွင်းရ လျက်ရှိပြီး စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ ကို တစ်လလျှင် တန်ချိန်တစ်သောင်းကျော် တင်သွင်းရလျက်ရှိကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

တင်သွင်းသည့်နိုင်ငံများမှာ မလေးရှား နှင့် အင်ဒိုနီးရှားနိုင်ငံများမှဖြစ်ပြီး အများစုကို အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းလျက်ရှိကြောင်း သိရသည်။

စက်မှုလုပ်ငန်းသုံးများအတွက် စားသုံး ဆီတန်ချိန် လေးသောင်းကျော် ရှိနေပြီး ကြည့် မြင်တိုင်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ တန် ချိန် ငါးထောင်ကျော် ထပ်မံရောက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်း ဦးစီးမှူး ဦးကျော်ကျော်လွင်က ပြောကြား ထားသည်။

ဇွန် ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

စက်မှုလုပ်ငန်းသုံးအတွက်ကတော့ ဇွန်၂၀ ရက် ကပဲ တန်ချိန် ငါးထောင့်သုံးရာ ရောက်ရှိခဲ့ပါတယ်။ ဇွန် ၂၁ ရက်မှာ ပြည်နယ် နှင့် တိုင်းအသီးသီးကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ ထောက်ခံချက်နဲ့ လျှောက်ထားလာတဲ့ စက်မှုလုပ်ငန်းတွေကို ဖြန့်ဖြူးရောင်းချနေပါ တယ် ဟု ရန်ကုန်တိုင်း ဦးစီးမှူး ဦးကျော်ကျော် လွင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းရှိ  star cooking oil ကုမ္ပဏီ၏ ဆီလှောင် ကန်သို့  အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းလာသည့် စား အုန်းဆီများ ရောက်ရှိလာခဲ့ပြီး bauhina သင်္ဘောဖြင့် သယ်ဆောင်လာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Most Read

Most Recent