ကျပ်နှစ်သောင်းတန်ကို လူထုအကြား တရားဝင်ဖြန့်ဝေသည်ဆိုသည့် သတင်းများ မဟုတ်မှန်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်

ကျပ်နှစ်သောင်းတန်ကို လူထုအကြား တရားဝင်ဖြန့်ဝေသည်ဆိုသည့် သတင်းများ မဟုတ်မှန်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်
Published 31 July 2024

ကျပ်နှစ်သောင်းတန်ကို လူထုအကြား တရားဝင် ဖြန့်ဝေသည်ဆိုသည့် သတင်းများမှာ မဟုတ်မှန်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီက ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။

ကျပ်နှစ်သောင်းတန်ကို တရားဝင်ထုတ် ဝေပြီး ပြည်သူလူထုအကြား တရားဝင်သုံးစွဲ နိုင်ပြီဆိုသည့် သတင်းများ ထွက်ပေါ်လျက်ရှိ ကြောင်း၊ ယင်းသတင်း ဟုတ်မဟုတ်နှင့် ကျပ် နှစ်သောင်းတန်ကို တရားဝင်လူထုအကြား ဖြန့်ဝေရန် ရှိမရှိ ပြည်တွင်းသတင်းဌာနအချို့ က မေးမြန်းမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ပြန်လည်ဖြေကြားခြင်းဖြစ် သည်။

“၂၀၀၀၀ ကျပ်တန်များသတင်း မဟုတ် မှန်ကြောင်း ဦးစွာပြန်ကြားအပ်ပါသည်”  ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ပြန် လည်ဖြေကြားထားသည်။

ကျပ်နှစ်သောင်းတန်ကို မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်ကြီး တည်ဆောက်ပြီးစီးမှုအ ထိမ်းအမှတ်၊  ဆင်ဖြူတော်ရတနာ မွေးဖွားခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျပ်နှစ် သောင်းတန်ကို ဇူလိုင် ၃၁ ရက်တွင် ထုတ်ဝေ ခြင်းဖြစ်ကြောင်းနှင့် ဗဟိုဘဏ်က ၂၀၂၃ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းငွေစက္ကူကို အကန့်အသတ်ဖြင့်သာ ထုတ်ဝေမည်ဖြစ်ပြီး လှည့်လည်သုံးစွဲနေသော ငွေစက္ကူများအနက် သုံးစွဲရန်မသင့်သော ဟောင်းနွမ်းငွေစက္ကူများ နေရာတွင် တန်ဖိုးတူ လဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေသွားမည်ဖြစ် ပြီး ဗဟိုဘဏ်၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အစရှိသည့် ဟောင်းနွမ်းငွေစက္ကူ လဲလှယ်ပေး သည့်နေရာများတွင် လဲလှယ်ပေးမည်ဖြစ် ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင်သုံးစွဲငွေ အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နှစ်သောင်းကျပ်တန်၏ အသွင်အပြင်မှာ အစိမ်းရောင်ဖြစ်ပြီး အလျား ၁၅ စင်တီမီတာ၊ အနံ ခုနစ်စင်တီမီတာဖြစ်သည်။ မျက်နှာစာ ဘက် အလယ်ပိုင်းတွင် ဆင်ဖြူတော်ပုံပါဝင်ပြီး လက်ယာဘက်တွင် ငွေစက္ကူတန်ဖိုးကို ဖော် ပြထားသည်။

ငွေစက္ကူတန်ဖိုးကို မြန်မာ၊ အင်္ဂလိပ်ဘာ သာများဖြင့်ဖော်ပြထားပြီး  ငွေစက္ကူ၏ ဘယ် ညာစွန်းများတွင်အမြင်အာရုံချို့ယွင်းသူများ အထိအတွေ့ဖြင့် အာရုံခံသိရှိရန် မျဉ်းတို ၁၂ ချောင်းဖြင့် ရိုက်နှိပ်ထားသည်ဟု ထုတ်ပြန် သည်။

ကျောဘက်တွင် ဧရာဝတီတံတား (ရတ နာပုံ)၊ စစ်ကိုင်းတံတားပုံများ ဖော်ပြထားမည် ဖြစ်ပြီး ရှုထောင့်အမျိုးမျိုးမှ ပြောင်းလဲ ကြည့်ရှု လျှင် ရွှေရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲ သော ဃသူသကမ ှ့င်အ လုံခြုံရေးကြိုးကို ဒေါင် လိုက်ထည့်သွင်းထားသည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Most Read

Most Recent