သက်တမ်းရှိ PJ ပတ်စ်ပို့စာအုပ်များကို အလည်အပတ်  PV ပတ်စ်ပို့အဖြစ်သို့ ပြောင်းလဲခြင်း ခွင့်မပြုတော့ကြောင်း သိရ

သက်တမ်းရှိ PJ ပတ်စ်ပို့စာအုပ်များကို အလည်အပတ်  PV ပတ်စ်ပို့အဖြစ်သို့ ပြောင်းလဲခြင်း ခွင့်မပြုတော့ကြောင်း သိရ
Published 7 June 2024

သက်တမ်းရှိ PJ အမျိုးအစား ပတ်စ်ပို့စာအုပ်များကို အလည်အပတ် PV အမျိုးအစားသို့ ပြောင်းလဲခြင်း ခွင့်မပြုတော့ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအချို့နှင့် ပတ်စ်ပို့ဝန်ဆောင် မှုပေးနေသူအချို့ထံမှ သိ ရသည်။

ဇွန် ရက်က စတင်ကာယင်းသို့သတ်မှတ်လိုက်ခြင်းဖြစ်ပြီး PV အမျိုးအစားပတ်စ်ပို့များဖြင့် သွားရောက်ကာအလုပ်လုပ်ကိုင်ခြင်းများရှိနေသဖြင့် ယင်းသို့သတ်မှတ်လိုက်ခြင်းဖြစ်နိုင်သည်ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့က သုံးသပ်ပြောကြားသည်။

Passport for Job(PJ) မှာ အလုပ်လုပ် ကိုင်ရန် သွားရောက်သူများကိုင်ဆောင်ရသည့်အမျိုးအစားဖြစ်ပြီး Passport for Visit(PV)ပတ်စ်ပို့မှာ အလည်အပတ်သွားရောက်ရန်အတွက် ကိုင်ဆောင်ရသည့်အမျိုးအစား ဖြစ်သည်။

အခုနောက်ပိုင်း PV တွေနဲ့ အလုပ် သွားလုပ်တာတွေလည်း ရှိလာတော့ ပြောင်းလို့မရဘူးလို့ သတ်မှတ်လိုက်တာဖြစ်မယ်။ သတ်မှတ်တာတော့ ဇွန် ရက်က သတ်မှတ်လိုက်တာပါဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုထံမှ သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပေးလျက်ရှိသည့် ပတ်စ်ပို့အမျိုးအစား ခုနစ်ခုရှိသည်။

ယင်းတို့မှာ PJ PVတို့အပြင် သင်္ဘောသားများအတွက် Passport for Seaman(PS) စီးပွားရေးလုပ်ကိုင်သူများအတွက် Passport for Business(PB) ပညာသင်ကြားရန်အတွက် Passport for Education(PE) ဘာသာရေးခေါင်းဆောင်များအတွက် Passport for Religious(PR) ပြည်ပတွင် အလုပ်လုပ်ကိုင်သူနှင့် မှီခိုနေထိုင်မည့်သူများအတွက် Passport for Dependent(PD)တို့ဖြစ်သည်။

လတ်တလောတွင် ပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်သူများအတွက် ကန့်သတ်ထားခြင်းများရှိနေသဖြင့် အလုပ်သွားရောက်လုပ်ကိုင်သူများမှာ အလည်အပတ်ဗီဇာဖြင့် သွားရောက်ခြင်းများလည်းရှိလာသည်ဟု သိရသည်။

Most Read

Most Recent