၂၀၂၄ လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်း စီမံချက် စိုးရိမ်ဖွယ်ရာ ကောင်းလောက်အောင် ရန်ပုံငွေရရှိမှု နည်းပါးနေပြီး လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းသာ ရရှိသေးကြောင်း UNOCHA မြန်မာ ထုတ်ပြန်

၂၀၂၄ လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်း စီမံချက် စိုးရိမ်ဖွယ်ရာ ကောင်းလောက်အောင် ရန်ပုံငွေရရှိမှု နည်းပါးနေပြီး လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းသာ ရရှိသေးကြောင်း UNOCHA မြန်မာ ထုတ်ပြန်
Published 25 May 2024

၂၀၂၄ လူသားချင်းစာနာမှုဆိုင်ရာ လို အပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက် သည် စိုးရိမ်ဖွယ်ရာကောင်းလောက်အောင် ရန်ပုံငွေရရှိမှုနည်းပါးနေပြီး လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းသာ ရရှိသေးကြောင်း ကုလသ မဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေး မှူးရုံး-မြန်မာ (UNOCHA- Myanmar) က မေ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

ထိုသို့ လိုအပ်ချက်များ ကြီးမားနေသည် ကြားမှ အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ ပိုမိုများပြားလာပြီး ကုန်စျေးနှုန်းကြီးမြင့်လာ မှုများကြောင့် ကဏ္ဍအလိုက် တုံ့ပြန်ကူညီပေး နေသည့် အစုအဖွဲ့များကြားတွင် အလွန်အ မင်း ရန်ပုံငွေမလုံလောက်သည့် အခြေအနေ ကို ပိုမိုဆိုးရွားစေခဲ့သည်ဟု (UNOCHA- Myanmar)က ထုတ်ပြန်သည်။ 

အခက်အခဲမျိုးစုံနှင့် ရန်ပုံငွေရရှိမှု နည်း ပါးနေသည့်ကြားမှပင် လူသားချင်းစာနာမှု ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများသည် လို အပ်နေသူများထံ အကူအညီများ ဆက်လက် ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၏ပထမသုံးလ ပတ်အတွင်း လူဦးရေ တစ်သန်းနီးပါးထံ အကူအညီများ ပေးနိုင်ခဲ့ကြောင်း (UNOCHA- Myanmar)က ထုတ်ပြန်သည်။

မြန်မာ့လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းသည် အရပ်သားပြည်သူများ အပေါ် ကြီးမားသည့် အန္တရာယ်ဖြစ်စေသည့် ပြင်းထန်သော ပဋိပက္ခနှင့်အတူ ပြန်လည် ပေါ်ပေါက်လာသော စိုးရိမ်ဖွယ်ရာ လူမျိုးရေး တင်းမာမှုတစ်ခုနှင့် စံချိန်တင်မြင့်တက်လာ သော ပြည်တွင်းနေရပ်စွန့်ခွာမှုအခြေအနေများကြောင့် အန္တရာယ်ကြီးသော ကဏ္ဍသစ် တစ်ခုကို ရောက်ရှိနေကြောင်းလည်း (UNOCHA- Myanmar)က ထုတ်ပြန်သည်။ 

ရခိုင်ပြည်နယ်၏ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေသည် ပြင်းထန်နေဆဲ တိုက်ပွဲများနှင့် တအုံနွေးနွေးဖြစ်လာနေသည့် လူမျိုးရေးတင်းမာမှုများနှင့်အတူ အထူးစိုးရိမ် ဖွယ်ရာဖြစ်ကြောင်း (UNOCHA- Myanmar)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရာသီဥတုအပူဆုံးကာလဖြစ်သည့်အ လျောက် သောက်သုံးရေရှားပါးခြင်းနှင့် ဝမ်း ပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုများ ကျယ် ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပြီး ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများမှ လူဦးရေ ၁ ဒသမ ၆ သန်းခန့်သည် ဆေးရုံ ကျန်းမာရေးစောင့်ရှောက်ခွင့်မရသည့် အခြေ အနေဖြစ်နေကြောင်း အဆိုပါ သတင်းထုတ် ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင်  နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော မြဝတီမြို့သိမ်းတိုက်ပွဲကြောင့် ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများ ဖြစ်ပွားခဲ့ကြောင်းလည်း (UNOCHA- Myanmar)က ထုတ်ပြန်သည်။ 

မြဝတီမြို့နှင့် အနီးအနားကျေးရွားမှ လူဦးရေ ၄၀၀၀ ခန့်သည် မြန်မာ-ထိုင်းနယ် စပ်တွင် အိမ်မပြန်နိုင်သေးဘဲ နေရပ်စွန့်ခွာ နေကြရဆဲဖြစ်ကြောင်းလည်း (UNOCHA- Myanmar)၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

Most Read

Most Recent