မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူများနှင့် ပြည်ပရောက်  မြန်မာဒုက္ခသည်များကို ကူညီရန် EU က ယူရို ၁၅ သန်း ထပ်မံပံ့ပိုး

မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူများနှင့် ပြည်ပရောက်  မြန်မာဒုက္ခသည်များကို ကူညီရန် EU က ယူရို ၁၅ သန်း ထပ်မံပံ့ပိုး
Published 21 June 2024

မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ မြင့်တက်လာသည့်အတွက် နိုင်ငံတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူများနှင့် ပြည်ပ ရောက် မြန်မာဒုက္ခသည်များကို ကူညီရန် ယူရို ၁၅ သန်း ထပ်မံပံ့ပိုးသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) က ဇွန် ၂၀ ရက်တွင် ထုတ်ပြန်သည်။

ထိုသို့ထပ်မံပံ့ပိုးမည့် ယူရို ၁၅ သန်းသည် လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် နေရသူများအတွက်အ ရေးတကြီးလိုအပ်နေသော စားနပ်ရိက္ခာ၊သန့် ရှင်းသောသောက်သုံးရေ၊ အရေးပေါ် ကျန်း မာရေးအထောက်အပံ့များ ထောက်ပံ့ပေးရန် နှင့် အန္တရာယ်ကြီးမားသော မြေမြှုပ်မိုင်း ရှင်းလင်းရာတွင် အသုံးပြုမည်ဖြစ်ကြောင်း EU က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ဥရောပ သမဂ္ဂသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်း အတွက် နှစ်စဉ် ပိုမိုထောက်ပံ့လျက်ရှိရာ ၂၀၂၄ ခုနှစ်တွင် ယူရို ၃၆ သန်းအထိ ပံ့ပိုး ထောက်ပံ့ရန် ခွဲတမ်းချထားပြီးဖြစ်ကြောင်း EU က ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် မတိုင်မီက လူသားချင်း စာနာမှုအကူအညီလိုအပ်သူဦးရေသည် တစ် သန်းသာရှိသော်လည်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းတွင် လူဦးရေ ၁၈ ဒသမ ၆ သန်းအထိရှိလာပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူဦးရေမှာလည်း သုံးသန်း ကျော်အထိ မြင့်တက်လာကြောင်း EU ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

EU အနေဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများကို ၁၉၉၄ ခုနှစ်ကတည်းက စတင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် အစောပိုင်းကလည်း နိုင်ငံတွင်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအတွက် ယူရို ၁၉ သန်းအပြင် အကျပ်အတည်း ဖြစ်ပွား နေသည့်ဒေသဆိုင်ရာ သက်ရောက်မှုများကို ဖြေရှင်းရန် ယူရိုနှစ်သန်းကို ထပ်ဆောင်း အတည်ပြုခဲ့ကြောင်း EU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Most Read

Most Recent