5 G ကွန်ရက်သစ်ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ နေရာအချို့တွင် ဇွန်လအတွင်း အသုံးပြုနိုင်တော့မည်ဟု MPT ထုတ်ပြန်

5 G ကွန်ရက်သစ်ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ နေရာအချို့တွင် ဇွန်လအတွင်း အသုံးပြုနိုင်တော့မည်ဟု MPT ထုတ်ပြန်
Published 11 June 2024

MPT က 5G ကွန်ရက်သစ်ကို  ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ သတ်မှတ်ထား သည့် နေရာအချို့တွင် ဇွန်လအတွင်း စတင် စမ်းသပ် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဇွန် ၁၀ ရက်တွင် MPT က ထုတ်ပြန်ခဲ့သည်။

MPT အနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်း တွင် မြန်နှုန်းမြင့်  LTE  ကွန်ရက်အဆင့်မြှင့်တင် ခြင်းကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဆောင်ရွက်ခဲ့ပြီး ယခု 5 G  စမ်းသပ်မှုမှာလည်း  သုံးစွဲသူများ စိတ်ကျေနပ်မှုရှိစေရန်အတွက် ဆောင် ရွက်နေသည့် အားထုတ်မှုတစ်ခုပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

GSMA  ဝက်ဘ်ဆိုက်၏ထုတ်ပြန်ချက် အရ  ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ နိုင်ငံပေါင်း ၁၀၁ နိုင်ငံမှ အော်ပရေတာပေါင်း ၂၆၁ ခုမှာ စီးပွားရေးလုပ်ငန်းသုံး 5G ကွန်ရက်ကို ဖြန့်ကြက်ခဲ့ပြီးဖြစ်ကာ MPT သည် မြန်မာနိုင်ငံ တွင် MPT ဝန်ဆောင်မှုပေးသည့် ဆက်သွယ်ရေး အော်ပရေတာများထဲတွင် တစ်ခုအပါအဝင် ဖြစ်လာမည်ဖြစ်သည်။

MPT နည်းပညာဌာနကြီး၏ ဒုတိယ အရာရှိချုပ်ဖြစ်သူ Mr. Yoshihisa OUCHI က “ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူတွေ အတွက် ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေးနည်း ပညာတွေကို ပေးအပ်နိုင်ဖို့ အစွမ်းကုန်ကြိုး စားနေပါတယ်။ နောက်ဆုံးပေါ် 5 G နည်းပညာကြောင့် သုံးစွဲသူတွေအနေနဲ့ Download တွေ လျင်မြန်စွာနဲ့ လုပ်ဆောင်နိုင်မှာဖြစ်သလို တိုက်ရိုက်ထုတ်လွှင့်မှုတွေကိုလည်း အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းကစားသူတွေအနေနဲ့ အရင်ထက် သိသိသာသာ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံ ကို တွေ့ကြုံခံစားရမှာ ဖြစ်ပါတယ်။ 5 G နည်းပညာကြောင့် တီထွင်ဆန်းသစ်မှုတွေကို ပိုမို လုပ်ဆောင်နိုင်ပြီး စီးပွားရေးပုံစံသစ်တွေကို ဖန်တီးနိုင်လာမယ့်အပြင် ကဏ္ဍအသီးသီးမှာ ထုတ်ကုန်စွမ်းအားတိုးမြှင့်စေမှာမို့ စီးပွားရေး ကဏ္ဍကို သိသိသာသာ တိုးတက်စေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သုံးစွဲသူတွေအနေနဲ့ ကျွန် တော်တို့ရဲ့ ခရီးစဉ်သစ်မှာ ပါဝင်ကြဖို့အတွက် ဖိတ်ခေါ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် စိတ်ဝင်စားသူများအနေဖြင့် ဇွန် လတွင် ပြုလုပ်မည့် MPT ၏ “ 5 G  သရုပ်ပြ” ပွဲတွင် လာရောက်လေ့လာနိုင်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များဖြစ်သည့် (နေ့ ရက်နှင့် အချိန်) ကို MPT ၏ ဝက်ဘ်ဆိုက်တွင် ထပ်မံကြေညာသွားမည်ဖြစ်သည်။

MPT နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဝင် ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး 106 call center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် chat bot ဝန်ဆောင်မှုများကို MPT4 U  အက်ပလီကေးရှင်း၊ MPT viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။