သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်အပိုင်းတွင် သားအမိနှစ်ဦး မိုးကြိုးစက်ကွင်းမိပြီး သတိလစ်မေ့မြောမှုဖြစ်ပွား

သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်အပိုင်းတွင် သားအမိနှစ်ဦး မိုးကြိုးစက်ကွင်းမိပြီး သတိလစ်မေ့မြောမှုဖြစ်ပွား
Published 8 May 2024

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီ မြို့ သိမ်ဆိပ်အပိုင်းတွင် မေ ၇ ရက် နံနက်ပိုင်း က သားအမိနှစ်ဦး မိုးကြိုးစက်ကွင်းမိပြီး သတိ လစ်မေ့မျောမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ၏ ပြောကြားချက်အရ သိရသည်။

မေ ၇ ရက် နံနက်ပိုင်းက သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အတွင်း မိုးသက်လေပြင်းကျ ရောက်ခဲ့ပြီး နေအိမ်အမိုးများ ပျက်စီးခြင်း၊ သစ်ပင်များ ပြိုလဲခြင်းများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မနက် ၁၁ နာရီ အချိန်လောက်မှာ သိမ်ဆိပ်အပိုင်း မင်းတဲစု ရပ်ကွက်မှာရှိတဲ့ အုတ်ဖိုလုပ်ငန်းမှာ အလုပ် လုပ်ဖို့သွားတဲ့ သားအမိနှစ်ဦး လမ်းမှာ မိုးကြိုး စက်ကွင်းမိပြီးတော့ သတိလစ်လဲကျနေတာ တွေ့တော့ ဆေးရုံပို့ဆောင်ဖို့အတွက်ကို အရေး ပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားပေးခဲ့ပါတယ်” ဟု ပြောကြား သည်။

မိုးကြိုးစက်ကွင်းမိပြီး သတိလစ်မေ့မြော ခဲ့သူ သားအမိနှစ်ဦးမှာ ကျိုက္ကော်အပြင် အနန်း ကုန်းအပိုင်းတွင် နေထိုင်သည့် အသက် ၃၀ နှစ်အရွယ် အမျိုးသမီးနှင့် သမီးဖြစ်သူ အ သက် ၁၁ နှစ်အရွယ် မိန်းကလေးတို့ဖြစ်ကြ ကြောင်း အဆိုပါဒေသခံက ဆက်လက်ပြော ကြားသည်။

မိုးကြိုးစက်ကွင်းမိပြီး သတိလစ်မေ့မြော ခဲ့သည့် သားအမိနှစ်ဦးအား ပီတိနှလုံးသား လူမှုကယ်ဆယ်ရေး နှင့် နာရေးကူညီမှုအသင်း (နောင်ဘို) က သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် သားအမိနှစ်ဦးလုံး ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဟု ကြားသိရကြောင်း သိရသည်။

မေ ၇ ရက်မှ ၁၁ ရက်အတွင်း မွန်ပြည် နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် တချို့တွင် မုတ်သုံအကြိုမိုးရွာသွန်းနိုင်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးမိုး ကြိုးပစ်ခြင်း၊ မိုးသီး ကြွေခြင်းများ ဖြစ်ပေါ်နိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

Most Read

Most Recent