တိုက်ပွဲများကြောင့် မြိတ်-ဘုတ်ပြင်းလမ်းပိတ်ဆို့မှု ၁၀ ရက်၊ မြိတ်-ထားဝယ်လမ်းပိတ်ဆို့မှု သုံးရက်အထိ ကြာမြင့်လာ

တိုက်ပွဲများကြောင့် မြိတ်-ဘုတ်ပြင်းလမ်းပိတ်ဆို့မှု ၁၀ ရက်၊ မြိတ်-ထားဝယ်လမ်းပိတ်ဆို့မှု သုံးရက်အထိ ကြာမြင့်လာ
ကားလမ်းပိိတ်ဆို့မှုကြောင့် ရပ်နားစောင့်ဆိုင်းနေသည့်ယာဉ်များကို တွေ့ရစဉ်
ကားလမ်းပိိတ်ဆို့မှုကြောင့် ရပ်နားစောင့်ဆိုင်းနေသည့်ယာဉ်များကို တွေ့ရစဉ်
Published 7 May 2024

တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုက် ပွဲများကြောင့် ပြည်ထောင်စုလမ်းမကြီး၏အစိတ်အပိုင်းများ ပိတ်ဆို့မှု ရက်ကြာမြင့်လာ ကြောင်း သိရသည်။

ဧပြီ ၂၉ ရက်မှစတင်ပြီး တနင်္သာရီနှင့်ဘုတ်ပြင်းမြို့နယ်အစပ်ရှိ ဝမ်းဇီးရိုးတူးဇီးရိုးတောင်တစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားမှုခဲ့ မှုကြောင့် ကားလမ်းများ အသုံးပြုမရတော့ ကြောင်း ယာဉ်လိုင်းပြေးဆွဲနေသူများက ပြော ကြားသည်။

မေ ၅ ရက်မှစတင်ပြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျောက် ဆည်၊ ဝင်းဝ၊ ပဲဒက်ကျေးရွာများ၊ ပုလောမြို့ နယ်အတွင်းရှိ ထမင်းမစား၊ ကဒဲ စသည့်ကျေး ရွာများတွင် တိုက်ပွဲများဖြစ်ပွားလာမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သိရသည်။

“အခုဆိုရင် မြိတ်မြို့ကနေ တခြားမြို့တွေ ကို သွားလို့မရတော့ဘူး။ ပြည်ထောင်စုလမ်း တွေ ပိတ်နေပြီ။ ကုန်တင်ကားတွေကြီးတွေ လမ်းမှာ ပိတ်မိနေတယ်။ အိမ်စီးကားတွေ၊ ခရီး သည်တင်ကားတွေကတော့ အနီးစပ်ဆုံးမြို့ တွေကို လှည့်ပြန်သွားကြပြီ။ ခရီးသည်အတော် များများလည်း ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းမြို့ တွေမှာ ရှေ့ဆက်မသွားနိုင်ဘဲ ပိတ်မိနေတယ်။ ဘုတ်ပြင်းကနေ မြိတ်ကို ရေလမ်းခရီး အသုံး ပြုပြီး သွားလာနေကြရတယ်။ ကုန်တင်လှေ တွေမှာဆိုရင် ခရီးသည်တွေအပြည့်အကျပ် နဲ့ စီးနေရတယ်။ ဘုတ်ပြင်း-တနင်္သာရီလမ်း အပိုင်းကတော့ ဒီနေ့အထိသွားလို့ မရသေး ဘူး” ဟု တနင်္သာရီမြို့မှပြန်လှည့်ပြန်လာသူ တစ်ဦးက ပြောကြားသည်။

ပြည်ထောင်စုလမ်းမကြီး၏အစိတ်အ ပိုင်းများ ပိတ်ဆို့နေမှုကြောင့် ကုန်စည်စီးဆင်း မှုခက်ခဲသွားပြီး ကုန်စျေးနှုန်းများလည်း တက် လာနေကြောင်း သိရသည်။

“ကုန်စည်တွေ မရောက်လာတော့ဘူး။ ဘုတ်ပြင်းကနေ မြိတ်ကို ရေလမ်းခရီးလေး သွားလို့ရနေသေးတော့ နည်းနည်းတော်သေး တယ်။ ဒါပေမဲ့ ကားလမ်းလို အဆင်မပြေဘူး။အချိန်ယူရတယ်။ တိုက်ပွဲဖြစ်ပွားရာအနီးတစ် ဝိုက်က လူတွေမှာတော့ အခက်အခဲအများ ကြီးဖြစ်တာပေါ့။ ကုန်စည်စီးဆင်းမှုကြန့်ကြာ တော့ စျေးတွေလည်း တက်လာတယ်။ ပိတ်မိ နေတဲ့ကုန်ကားတွေပေါ်က ကုန်စိုတွေတော့ အကုန်ဆုံးရှုံးသွားပြီ” ဟု မြိတ်-ဘုတ်ပြင်းကုန် စည်ပို့ဆောင်နေသူတစ်ဦးက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည် ထောင်စုလမ်းအစိတ်အပိုင်းများ ပိတ်ဆို့မှုမှာ ယခုကဲ့သို့ရက်ကြာမြင့်မှုမရှိဖူးဘဲ ယခုမှသာ လမ်းပိတ်မှု ရက်ကြာမြင့်နေခြင်းဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုလမ်းအပိုင်းတွင် မြိတ်-ထားဝယ် ၁၇၃ မိုင်၊ မြိတ်-ကော့သောင်း ၂၈၅ မိုင် ကွာဝေးကြောင်း သိရသည်။

ဇော်မိုးဦး (မြိတ်)

Most Read

Most Recent