ပအိုဝ်းအမျိုးသားနေ့ ကျင်းပနိုင်ရေး တစ်လကြာ အပစ်ရပ်ကြရန် PNLO နာယက မေတ္တာရပ်ခံ

ပအိုဝ်းအမျိုးသားနေ့ ကျင်းပနိုင်ရေး တစ်လကြာ အပစ်ရပ်ကြရန် PNLO နာယက မေတ္တာရပ်ခံ
၂၀၁၉ ခုနှစ် နေပြည်တော်တွင် ကျင်းပခဲ့သည့်  ပအိုဝ်းအမျိုးသားနေ့ကို အခမ်းအနား
၂၀၁၉ ခုနှစ် နေပြည်တော်တွင် ကျင်းပခဲ့သည့် ပအိုဝ်းအမျိုးသားနေ့ကို အခမ်းအနား
Published 20 March 2024

ပအိုဝ်းအမျိုးသားလုံး အထွဋ်အမြတ်ထားသည့် ပအိုဝ်းအမျိုးသားနေ့ကို စည်းလုံး ညီညွတ်စွာနှင့် အောင်မြင်စွာ ကျင်းပရေး အတွက် ပအိုဝ်းနယ်မြေအတွင်း တစ်လကြာ အပစ်ရပ်ကြရန် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ခွန် ဥက္ကာက မေတ္တာရပ်ခံပြောကြားသည်။

မတ် ၁၉ ရက်က ထုတ်ပြန်ခဲ့သည့် PNLO ပြန်ကြားလွှာ၌ ၎င်းက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မတ်၂၄ ရက်ကျရောက်မည့် (၇၅) နှစ် မြောက် ပအိုဝ်းအမျိုးသားနေ့ကို အောင်မြင် စွာကျင်းပနိုင်ရေးအတွက် ပအိုဝ်းနယ်မြေအ ဖြစ် သတ်မှတ်ထားသည့် ဆီဆိုင်မြို့နယ်၊ ဟို ပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်အတွင်းဖြစ် ပေါ်နေသည့် လက်နက်ကိုင်ပဋိက္ခကို မတ် ၂၃ ရက်မှ ဧပြီ ၂၃ အထိ တစ်လကြာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲကြရန် မေတ္တာရပ်ခံထား ကြောင်း ၎င်းင်းက ပြောကြားသည်။

ထိုသို့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ခြင်းကြောင့် ပအိုဝ်းအမျိုးသားနေ့ပွဲတော် များကို နေရာအနှံ့ အောင်မြင်စွာ ကျင်းပနိုင် မည်ဖြစ်ပြီး ပဋိပက္ခများ လျှော့ကျစေနိုင် မည့်အပြင် အလှူအတန်းများ ပြုလုပ်နိုင်ခြင်း နှင့်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စစ်ဘေးရှောင်များထံ ပို့ဆောင်ကူညီနိုင်မည်ဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး နှင့် ပင်လောင်းမြို့နယ်တို့တွင် လက်နက် ကိုင်ပဋိပက္ခများကြောင့် နှစ်လနီးပါးအတွင်း စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော်ရှိလာ ပြီး အရပ်သား ၄၉ ဦး သေဆုံးကာ ၆၄ ဒဏ် ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က မတ် ၁၉ ရက်တွင် သတင်းထုတ် ပြန်ထားသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့ နယ်တွင် စစ်ဘေးရှောင်ဦးရေ ၆၅,၉၀၀၊ ဟိုပုံးမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁၈, ၆၀၀ နှင့် ပင်လောင်းမြို့နယ်တွင် စစ်ဘေး ရှောင်ဦးရေ ၁၇,၃၀၀ ရှိကြောင်း ပအိုဝ်းလူ ငယ် အစည်းအရုံး (PYO) ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

Most Read

Most Recent