■ တိုက်ပွဲအတွင်း ပိတ်မိနေသဖြင့် နေရာရွှေ့ပြောင်း ပေးခဲ့သည်ဆိုကာ ခေါ်ဆောင်သွားသော လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ကထိက ငါးဦးကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) က ထောင်ဒဏ် နှစ်နှစ် ချမှတ်

■ တိုက်ပွဲအတွင်း ပိတ်မိနေသဖြင့် နေရာရွှေ့ပြောင်း ပေးခဲ့သည်ဆိုကာ ခေါ်ဆောင်သွားသော လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ကထိက ငါးဦးကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) က ထောင်ဒဏ် နှစ်နှစ် ချမှတ်
  လွိုင်ကော်တက္ကသိုလ် ပါမောက္ခ ချုပ် ဦးအောင်ခင်မြင့်
လွိုင်ကော်တက္ကသိုလ် ပါမောက္ခ ချုပ် ဦးအောင်ခင်မြင့်
Published 7 March 2024

တိုက်ပွဲအတွင်းပိတ်မိနေသဖြင့် နေရာ ရွှေ့ပြောင်းပေးခဲ့သည်ဆိုကာ ခေါ်ဆောင် သွားသော  လွိုင်ကော်တက္ကသိုလ် ပါမောက္ခ ချုပ် ဦးအောင်ခင်မြင့် အပါအဝင် ကထိက ငါးဦးကို မတ်လ ၆ ရက်တွင် ကရင်နီကြား ကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထောင်ဒဏ်နှစ်နှစ်နှင့် ငွေဒဏ်ကိုးသိန်းချမှတ်ခဲ့ ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက် နှင့် ၁၄ ရက် တို့တွင် ကယားပြည်နယ်၊ လွိုင်ကော် တက္ကသိုလ်၌ လုံခြုံရေးတာဝန်ထမ်း ဆောင်နေသည့် လုံခြုံရေးအဖွဲ့များနှင့် KNDF ပူးပေါင်းအဖွဲ့တိုက်ပွဲဖြစ်ပွား ရာ တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်း သား၊ ကျောင်းသူ များ၊ မိသားစုဝင် ၂၀၄ ဦးကို KNDF ပူးပေါင်း အဖွဲ့က ခေါ်ဆောင်သွား ခြင်းဖြစ်ကြောင်း သိရသည်။

ပါမောက္ခချုပ်ဦးအောင်ခင်မြင့် အပါအဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊  ကျောင်းသူများ၊ မိသားစုဝင်များကို KNDF ပူးပေါင်းအဖွဲ့များက ခေါ် ဆောင်သွားစဉ်  KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန၏ထုတ်ပြန်ချက်တွင် တိုက်ပွဲအတွင်း ကျောင်း ဝန်းထဲ၌ ပိတ်မိနေသူများ ကို မိမိတို့တပ်ဖွဲ့မှ အရေးပေါ်က ူညီရွှေ့ ပြောင်းပေးခဲ့ကြောင်း၊ လွိုင်ကော်တက္ကသိုလ် မှ ဝန်ထမ်းများနှင့် မိသားစုဝင်များအား လူသားချင်းစာနာ ထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) မှ ဘေး ကင်း လုံခြုံစွာ စောင့်ရှောက်ထားပြီး မိသားစုများနှင့်အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်စေရေး လုပ်ငန်းကိစ္စ များကို KNDF မှ ဆက်လက်လုပ်ဆောင်ပေးလျက်ရှိကြောင်းထုတ်ပြန်ခဲ့ပြီး ယခုအခါ ပါမောက္ခချုပ်ဦးအောင်ခင်မြင့် အပါအဝင် ကထိကငါးဦးကို နစကနှင့်တိုက်ရိုက်ပတ်သက်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် မတရားအသင်း ဆက်သွယ်မှု ဥပဒေကိုအ သုံးပြု၍ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ ခြင်းဖြစ် ကြောင်းသိရသည်။

ထို့နောက် နိုဝင်ဘာ ၂၄ ရက်တွင် ၁၀၇ ဦးနှင့် နိုဝင်ဘာ ၂၈ ရက်တွင် ၈၆ ဦး စုစုပေါင်း ၁၉၃ ဦးကို ကတိခံဝန်ချက်ရေးထိုးကာ ပြန်လည်စေလွှတ်ပေး ခဲ့ပြီး ပါမောက္ခချုပ် အပါအဝင် ၁၁ ဦးကို ဆက် လက် ဖမ်းဆီးထား ခြင်းဖြစ်သည်။    

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ကို  ကရင်နီ လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် KNPP နှင့် KNDF တို့မှ တာဝန်ရှိသူများ ပါဝင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။    

အလားတူ ထားဝယ်နည်းပညာတက္က သိုလ်ဒုတိယ ပါမောက္ခချုပ် အပါအဝင် သုံးဦး အား PDF များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ ကြောင်း နစကက ၂၀၂၄  ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန် ထားသည်။ 

ထို့အတူဖေဖော်ဝါရီ ၂၆ ရက် နံနက် ၇ နာရီခွဲ ခန့်တွင် PDF အင်အား ၁၃၀ ဦးခန့်က ကလေးတက္ကသိုလ်အတွင်းသို့ တောင်ဘက် မှ ဝင်ရောက်၍ ကလေးတက္ကသိုလ်အတွင်းရှိ ရူပဗေဒနှင့် သတ္တဗေဒစာသင်ဆောင်တွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်း သူများအား ဖမ်းဆီးရန်ကြိုးစားခဲ့ကြောင်း နစကက ထုတ်ပြန်ခဲ့သည်။

ထို့နောက် ကလေးတက္ကသိုလ် တိုက်ခိုက် ခံခဲ့ရ သည့်ဖြစ်စဉ်အပေါ် လုံခြုံရေးတပ်ဖွဲ့ ဝင်များ မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက် ရာတွင် PDF များနှင့်  အပြန်အလှန်ထိ တွေ့မှုဖြစ်ပွားခဲ့ပြီး တက္ကသိုလ်၏ အရှေ့ ဘက်နှင့် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာ သွား ရာ ကလေးတက္ကသိုလ်အတွင်းရှိ စာသင် ဆောင် များမှ ဖမ်းဆီးခံထားရသည့် ဆရာ၊ ဆရာမ များ၊ ကျောင်းသားကျောင်းသူများနှင့် ရုံးဝန် ထမ်းစုစုပေါင်း ၂၈၅ ဦးအား တပ်မေ တာ်စစ်ကြောင်းက အချိန်မီပြန်လည် ကယ် ဆယ်နိုင် ခဲ့သော်လည်း ၎င်းအဖွဲ့များအနေဖြင့် အချို့ သော ဝန်ထမ်း၊ ဆရာ၊ ဆရာမနှင့် ကျောင်း သားကျောင်းသူ (စိစစ်ဆဲ) တို့အား ဓားစာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ဖေ ဖော်ဝါရီ ၂၆ ရက်တွင် နစကမှ ထုတ်ပြန်ထား သည်။

အထက်ပါကလေးတက္ကသိုလ်ဖြစ်စဉ် နှင့်ပတ်သက်၍ ၎င်းင်းတို့အနေဖြင့် ကလေး တက္ကသိုလ်ဝင်းအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ ဝင်များကို  ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ် ပြီး တက္ကသိုလ်ဝင်းထဲရှိ ဆရာ၊ ဆရာများနှင့် ကျောင်းသား ကျောင်းသူများကို တိုက်ပွဲအ တွင်း မပိတ်မိစေရန် ဘေးလွတ်ရာကိုရွှေ့ ပြောင်းခဲ့ခြင်းဖြစ်ဟု PDF များဘက်မှ ထုတ် ပြန် ထားသည်။    

Most Read

Most Recent