ရွှေ အရောင်းအဝယ် ပြုလုပ်သူများနှင့် ရွှေဆိုင်များ အနေဖြင့် ရန်ကုန်ရွှေအသင်း သတ်မှတ်စျေးနှုန်း အောက်တွင်သာ အရောင်းအဝယ် ပြုလုပ်ကြရန်နှင့် မပြုလုပ်နိုင်ပါက အရောင်းအဝယ် ရပ်ထားရန် ရန်ကုန် ရွှေအသင်း ထုတ်ပြန်

ရွှေ အရောင်းအဝယ် ပြုလုပ်သူများနှင့် ရွှေဆိုင်များ အနေဖြင့် ရန်ကုန်ရွှေအသင်း သတ်မှတ်စျေးနှုန်း အောက်တွင်သာ အရောင်းအဝယ် ပြုလုပ်ကြရန်နှင့် မပြုလုပ်နိုင်ပါက အရောင်းအဝယ် ရပ်ထားရန် ရန်ကုန် ရွှေအသင်း ထုတ်ပြန်
Published 16 March 2024

ရွှေကို သတ်မှတ်စျေးနှုန်းအောက် တွင် သာ အရောင်းအဝယ်ပြုလုပ်ကြရန်နှင့် မပြု လုပ်နိုင်ပါက အရောင်းအဝယ်ရပ်ထားရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သတင်းထုတ်ပြန်သည်။

မတ် ၁၆ ရက်တွင် ရန်ကုန်တိုင်းရွှေလုပ် ငန်းရှင်များအသင်းရုံးတွင် အစည်းအဝေးပြု လုပ်ခဲ့ပြီး ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ရွှေစျေးကွက်အတွင်းတွင် ပြင်ပ ရွှေဝယ်ရောင်းလုပ်သူများနှင့် ရွှေဆိုင်များအား လုံးသည်လည်း YGEA သတ်မှတ်စျေးနှုန်း အောက်တွင် အရောင်းအဝယ်ပြုလုပ်ကြရန် နှင့် မပြုလုပ်နိုင်ပါက ရွှေအရောင်းအဝယ်ရပ် ထားပေးပါရန် အထူးသတိပေးအပ်ပါသည် ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း က သတင်းထုတ်ပြန်သည်။

သတင်းအမှားအမျိုးမျိုးကြောင့် ပြင်ပရွှေ စျေးကွက်ရောင်းဝယ်သူများမှ ရွှေစျေးကို ဆွဲ တင်ဆွဲချနေပြီး သက်ဆိုင်ရာက အရေးယူမည် ဖြစ်ကြောင်းရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက်တွင်ဆက်လက်ဖော် ပြထားသည်။

ကောလာဟလအခြေအမြစ်မရှိ သတင်း အမှားအမျိုးမျိုးကြောင့် ပြင်ပစျေးကွက်ရောင်း ဝယ်သူများမှ စျေးကစား၍ ရွှေစျေးနှုန်းကို ဆွဲ တင်ဆွဲချလျက်ရှိနေကြောင်း၊ သတင်းအဖြစ် အပျက်အမှန်များကို ဌာနဆိုင်ရာများမှ စုံစမ်း စစ်ဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် များအသင်းက ထုတ်ပြန်သည်။

ယင်းကြောင့် ပြင်ပရွှေစျေးကွက်တွင် ရောင်းဝယ်နေသူများအနေဖြင့် ကောလာဟ လများကို အကြောင်းပြုပြီး စျေးကစားခြင်းများ မပြုလုပ်ကြရန် အထူးသတိပေးပန်ကြားအပ် ပါသည်ဟု ရန်ကုန်ရွှေအသင်းက ထုတ်ပြန် ထားသည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ၏ မတ် ၁၆ ရက် မွန်းလွဲပိုင်းရည်ညွှန်းစျေးနှုန်း မှာ ကျပ် ကျပ် သုံးဆယ့် ခုနှစ်သိန်း ကိုးသောင်း လေးထောင့် ငါးရာဖြစ်ကြောင်း သိရသည်။

မတ် ၆ ရက် နေပြည်တော်တွင် ပြုလုပ် သည့် ရွှေနှင့်ငွေကြေး စျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္က ဋ္ဌနှင့် အဖွဲ့ဝင်များတွေ့ဆုံ သည့် ဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက ရွှေစျေးကွက်တွင် စနစ် တကျရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် စျေး နှုန်းအခြေခံသတ်မှတ်နိုင်ရေး၊ တရားဝင် ဆောင်ရွက်နိုင်သည့် စျေးကွက်ဖော်ဆောင် ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေစျေး၊ ငွေစျေးကစားပြီး စျေးနှုန်းမတည်မငြိမ်ဖြစ် အောင် ဆောင်ရွက်သူများကို ဥပဒေနှင့်အ ညီ ကြီးကြပ်အရေးယူသွားမည် ဖြစ်ကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပါက ဥပဒေပါပြဋ္ဌာန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ရန်လို အပ်ကြောင်း၊ အဖွဲ့ဝင်များ အနေဖြင့် လက်ရှိ လုပ်ဆောင်ချက်များ၊ ကြီးကြပ်မှုများကို ပြန် လည်စိစစ်ရန်နှင့် စနစ်တကျ ထိန်းကျောင်း သွားရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒု တိယဝန်ကြီးက ရွှေရောင်းဝယ်ရာ၌ မသမာ မှုပြုလုပ်၍ စျေးကစားမှုများအပေါ် ကြီးကြပ် အရေးယူမှုများဆောင်ရွက်နိုင်ရန် တည်ဆဲ ဥပဒေများနှင့်အညီ အမိန့် ထုတ်ပြန်ရာတွင် အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်နိုင်ရေးအတွက် အမိန့်၊ ညွှန်ကြား ချက်များထုတ်ပြန်ရန်လည်းကောင်း၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာန ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများအ နေဖြင့် ရည်ညွှန်းရွှေစျေးနှုန်း ထုတ်ပြန်ပြီး ကျော်လွန်ရောင်းချသူများအား အရေးယူ နိုင်မည့်နည်းလမ်းများကို လည်းကောင်း၊ အ စည်းအဝေးတက်ရောက်လာသူများက လို အပ်သည့်အမိန့်များထုတ်ပြန်ရာတွင် ဦးစီး ဆောင်ရွက်မည့်ဝန်ကြီးဌာန၊ ဆက်လက် ထိန်းချုပ်ကြီးကြပ်ကွပ်ကဲမည့် နည်းလမ်း များ၊ လုပ်ငန်းစဉ်များကို သေချာ စွာ စနစ်တ ကျချမှတ်ဆောင်ရွက်သွားရမည့် အခြေအ နေ များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

Most Read

Most Recent