ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဒေသခံများ ပိတ်မိနေ

ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဒေသခံများ ပိတ်မိနေ
Published 24 March 2024

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်းမှာ မတ် ၂၄ ရက် နံနက် ၈ နာရီဝန်းကျင်က တိုက်ခိုက်ခံခဲ့ရပြီးနောက် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများ ပိတ်မိနေကြောင်း သိရသည်။

ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်းအား KNLA နှင့် ပူးပေါင်းအဖွဲ့များက ဝင် ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများစတင်ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြော ကြားသည်။

၎င်းက ဆက်လက်ပြီး “အခုလက်ရှိ မနက် ၁၁ နာရီအချိန်အထိကို ပစ်နေကြတုန်း ပဲ။ ရဲစခန်းကတော့ မီးလောင်သွားပြီ။ ရွာထဲ ကလူတွေက တချို့လည်း အိမ်ထဲမှာပဲ နေနေ ကြရတယ်။ တချို့လည်း နီးစပ်ရာကို တိမ်း ရှောင်သွားကြပြီ။ ပစ်ခတ်မှုတွေတော့ရှိနေ တုန်းပဲ” ဟု ပြောကြားသည်။

ကော့ဘိန်းကျေးရွာအပြင် အနီးအနားရှိ ကျေးရွာများဖြစ်သည့် ဓမ္မသ၊ တရနာ အစရှိ သည့်ကျေးရွာများကိုလည်း ပူးပေါင်းတပ်ဖွဲ့ ဘက်က အသွားအလာပိတ်ထားပြီး ဒေသခံ များအား နေအိမ်များတွင်သာ နေကြရန်လည်း မှာကြားထားသည်ဟု အဆိုပါဒေသခံကပင် ဆက်လက်ပြောကြားသည်။

ကော့ဘိန်းနယ်မြေရဲစခန်းမှာ ကော့ ဘိန်းကျေးရွာနှင့် အနည်းငယ်သာဝေးကွာ သည့်အတွက် ကျေးရွာအတွင်း တိုက်ပွဲများ ကူးစက်ဖြစ်ပွားလာမည်ကို ဒေသခံများအနေ ဖြင့် စိုးရိမ်ထိတ်လန့်နေကြကြောင်းလည်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်ကလည်း အဆိုပါ ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်းကို KNLA နှင့် ပူးပေါင်းတပ် ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မီးရှို့ခဲ့ကြ သေးကြောင်းနှင့် ယင်းတိုက်ခိုက်မှုအတွင်း ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုး သားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဘိုဘိုမြင့်

 

Most Read

Most Recent