သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် အထူးရထားခရီးစဉ်များ ပြေးဆွဲမည်

သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် အထူးရထားခရီးစဉ်များ ပြေးဆွဲမည်
Published 5 April 2024

သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် အထူးရထားခရီးစဉ်များ ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထားသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် မဟာသင်္ကြန်ကာလဖြစ်သည့် ၂၀၂၄ ခုနှစ် ဧပြီ ၁၃ ရက်မှ ၂၁ ရက်အတွင်း ခရီးသွားပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွား လာနိုင်ရန်အတွက် ဧပြီ ၁၃ ရက်နှင့် ၂၂ ရက်တို့တွင် အထူးရထားများကို ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ပြီး သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ဖြစ်သည့် ၁၆ ရက်အထိ လူစီးအမြန်ရထားအချို့ ပြေးဆွဲမှု ခေတ္တရပ်နားထားမည်ဖြစ်သည်။

လက်ရှိပြေးဆွဲပေးနေသော ရန်ကုန်- မန္တလေးလမ်းပိုင်းအတွင်း အမှတ်(၁၁)အဆန်၊ အမှတ်(၁၂)အစုန်ရထားနှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းအတွင်း အမှတ်(၈၁) အဆန်၊ အမှတ်(၈၂)အစုန်ရထားများကို ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်နှင့် ရန်ကုန်-ပြည် -ရန်ကုန်ခရီးစဉ်များကို အထူးရထားများ တိုးချဲ့ပြေးဆွဲပေး သွားမည်ဖြစ်သည်။

ရထားစီးခရီးသွားပြည်သူများအား အထက်တန်းလက်မှတ်အား (၃) ရက်၊ ရိုးရိုးတန်းလက်မှတ်အား(၁)ရက် ကြိုတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် နေပြည်တော်မှဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မြန်မာ့မီးရထား၊ စီးပွားရေးဌာန၊ ခရီးသည်ဌာနခွဲတွင် လျှောက်လွှာဖြင့် ကြိုတင်ဝယ် ယူနိုင်ကြောင်း မြန်မာ့မီးရထားမှ ထုတ်ပြန်ထားသည်။

သင်္ကြန်ပိတ်ရက်ကာလ ဧပြီ ၁၄ ရက်၊၁၅ ရက်နှင့် ၁၆ ရက်တွင်ယာယီရပ်နားမည့်ရထားများအနေဖြင့်  ရန်ကုန်-ပဲခူး- ရန်ကုန် အမှတ် (၁၃)အဆန်၊ အမှတ် ၁၄ (အစုန်) ခရီးစဉ်နှင့် မြို့ပတ်ရထားများအားလုံး ရပ်နားထားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထားသည်။

ရန်ကုန်-ပြည်-ရန်ကုန် အမှတ်(၇၁)အဆန်/အမှတ် ၇၂)အစုန်၊ ရန်ကုန်-ပုဂံ- ရန်ကုန်ခရီးစဉ်ကို ဧပြီ ၁၂ ရက်အထွက် အမှတ်(၆၁)အဆန်နှင့် ဧပြီ ၁၆ ရက် ပုဂံမှထွက်ခွာမည့် အမှတ်(၆၂)အစုန်ရထားများ ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။ ဧပြီ  ၁၄ ရက်တွင် ၁၀ နာရီတွင်ထွက်ခွာမည့် ရန်ကုန်-မန္တလေးအစုန်/အဆန်အထူးအမြန်ရထားများကိုလည်း ရပ်နားထားမည်ဟု သိရသည်။

သင်္ကြန်ကာလပြေးဆွဲမည့်ရထားများ အနေဖြင့် ရန်ကုန်-မန္တလေး-ရန်ကုန်အမှတ်(၁၁)အ ဆန်/အမှတ်(၁၂)အစုန်ရထား နေ့စဉ်ပြေးဆွဲမည်ဖြစ်သည်။ ရန်ကုန်-မော်လမြိုင်-ရန်ကုန် အမှတ်(၈၁)အဆန်/အမှတ် (၈၂)အစုန်ရထားကို နေ့စဉ်ပြေးဆွဲမည်ဖြစ်သည်။ ရန်ကုန်-မော်လမြိုင်-ရန်ကုန် အထူးရထားအား ဧပြီ ၁၁၊ ၁၂၊ ၂၀၊၂၁ ရက်များတွင်လည်းကောင်း၊ ရန်ကုန်-ပြည်-ရန်ကုန် အထူးရထားအား ဧပြီ ၁၁၊၁၂၊ ၂၀၊၂၁ ရက်တို့တွင်လည်းကောင်း ရန်ကုန်-မန္တလေး-ရန်ကုန်စာပို့ရထား အမှတ်(၁)အဆန်/(၂) အစုန်ရထားများကို ပုံမှန်ရက်ခြားအတိုင်း  ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent