မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ နောက်ဆုံးဖြစ်ပေါ်နေသောအခြေအနေများကို သိရှိရန် မဲဆောက်မြို့သို့ ထိုင်းနိုင်ငံံခြားရေးဝန်ကြီး သွားရောက်

မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ နောက်ဆုံးဖြစ်ပေါ်နေသောအခြေအနေများကို သိရှိရန် မဲဆောက်မြို့သို့ ထိုင်းနိုင်ငံံခြားရေးဝန်ကြီး သွားရောက်
Published 24 April 2024

မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ နောက်ဆုံးဖြစ်ပေါ်နေသောအခြေအနေများကို သိရှိရန် မဲဆောက်မြို့သို့

ထိုင်းနိုင်ငံံခြားရေးဝန်ကြီး သွားရောက်

ထိုင်းဝန်ကြီးချုပ် ဆရတ်သာထားဝီဆင်း၏ကိုယ်စား ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး ပရန်ပီးဘာဟစ် ဒါနူကာရာသည် မြန်မာနှင့် နယ်နိမိတ်ထိစပ်နေသော မဲဆောက်ခရိုင်သို့ ဧပြီ ၂၃ ရက်တွင် သွားရောက်ခဲ့ရာ ၎င်းနှင့်အတူ ပြည်နယ်ထဲရေးဝန်ကြီး အနူတင်ချန်ဗီရာကူးလ်၊ ကာကွယ်ရေးဝန်ကြီး ဆူသင်ကလန်ဆန်းတို့ လိုက်ပါလာသည်ဟု သိရသည်။

မြန်မာနယ်စပ်မြို့ မြဝတီတွင် တိုက်ပွဲ များဖြစ်ပွားနေချိန်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော အဖွဲ့သည် တက်ခ် ပြည်နယ်ရှိ မဲဆောက်ခရိုင်ကို ရောက်ရှိလာ ခြင်းဖြစ်သည်။

၎င်းတို့ခရီးစဉ်၏ ရည်ရွယ်ချက်မှာ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်၌ နောက်ဆုံးဖြစ်ပေါ်နေသော အခြေအနေများကို သိ ရှိရရန်နှင့် မဲဆောက်ပြည်သူများနှင့်မဲဆောက် ဒေသတွင်းအဖွဲ့အစည်းများကို အထောက် အကူပေးရန်ဖြစ်သည်ဟု သိရသည်။

ထိုင်းဒုတိယဝန်ကြီးချုပ်ပရန်ပီးနှင့်အဖွဲ့သည် တက်ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့်ဆွေးနွေးခဲ့ပြီး မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် အခြေအနေများကို ၎င်းင်းတို့အား အစီရင်ခံတင်ပြခဲ့သည်ဟု သိရ သည်။ ထို့ နောက် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ် (၁) နှင့် (၂) တို့၏ အခြေအ နေများကိုလည်း ၎င်းတို့အား တင်ပြခဲ့သည် ဟု ဆိုသည်။

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ အခြေအနေကို ကြီးကြပ်ရသည့် တာဝန်ကို ယူထားသော ထိုင်းအစိုးရကော်မတီသည် ဧပြီ ၂၃ ရက်တွင်ပြုလုပ်သည့် ပထမဆုံးအ ကြိမ်အစည်းအဝေးတွင် အခြေအနေအရပ် ရပ်ကို သုံးသပ်ခဲ့ပြီးနောက် ဒုက္ခသည်များကို လွှဲပြောင်းပေးရေးနှင့် လုံခြုံရေးကိစ္စ တုံ့ပြန် ဆောင်ရွက်မှုတို့အတွက် မူဘောင်တစ်ရပ် ကို ချမှတ်ခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်း စာက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသား ၃၀၀၀ ခန့်သည် ခိုလှုံ ရန် မြဝတီမြို့မှ မဲဆောင်ခရိုင်သို့ ထွက်ပြေး လာခဲ့ကြသည်။ သို့ရာတွင် ဧပြီ ၂၃ ရက်အထိ မဲဆောက် နှင့် အမ်းပန်း ခရိုင်နှစ်ခုတို့တွင် ယာယီခိုလှုံ သူအရေအတွက်သည် ၉၈၃ ဦး သာ ကျန်တော့သည်ဟု ဒေသန္တရ တာဝန်ရှိ သူများ၏ ပြောကြားချက်အရ သိရသည်။

ဧပြီ ၁၁ ရက်တွင် ဝန်ကြီးချုပ် ဆရတ် သာထားဝီဆင်းက ကော်မတီကို ဖွဲ့စည်းပေး ခဲ့ပြီးနောက်ပိုင်း ပထမဆုံးကျင်းပသော ကော်မတီအစည်းအဝေးတွင် မြန်မာပဋိပက္ခ က ထိုင်းနိုင်ငံကို သက်ရောက်နိုင်သည့် ရှု ထောင့်အားလုံးကို ဆွေးနွေးခဲ့သည်။

အဓိကဆွေးနွေးခဲ့သည့်အကြောင်းအ ရာများထဲတွင် ဒုက္ခသည်များ ဝင်ရောက် လာနိုင်မှုအခြေအနေနှင့် လုံခြုံရေးအစီအမံ များအတွက် ပြင်ဆင်မှုများဖြစ်သည်ဟု ဆို သည်။ အစည်းအဝေး တက်ရောက်လာသူ အားလုံးက အဓိက မူသုံးချက်ကိုသဘော တူခဲ့ကြသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရ နစ်ကွန်းဘာလန်ကူ ရာက ပြောကြားခဲ့သည်။

သဘောတူခဲ့ကြသည့် မူသုံးချက်မှာ ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာ ကွယ်ရေး၊ မြန်မာအစိုးရကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ လုပ်ဆောင်ရာတွင် ထိုင်းနိုင်ငံကို အသုံးချခွင့်မပြုရေး၊ လူသားချင်းစာ နာမှုစည်းမျဉ်းများကို ခွဲခြားမှုမရှိဘဲ ထိန်း သိမ်းထားရေးတို့ဖြစ်သည်ဟု ဆိုသည်။အမျိုးသားလုံခြုံရေးကောင်စီ (NSC) သည် မြန်မာအခြေအနေကို အနီးကပ်စောင့်ကြည့် နေပြီး နိုင်ငံတကာအသိုင်းအဝိုင်း၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင် ရွက်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ကို တာဝန်အပ်နှင်းထားသည်ဟု ၎င်းင်းက ပြောကြားခဲ့သည်။

မြန်မာအခြေအနေသည် ပြင်းထန်နေ ပြီး နာရီတိုင်း စောင့်ကြည့်ရန် လိုအပ်နေ သည်ဟု မစ္စတာနစ်ကွန်းက ပြောကြားခဲ့ သည်။ သို့ရာတွင် မဲဆောက်ကို မစ္စတာပရန် ပီးသွားခြင်းသည် တိုက်ပွဲအခြေအနေ၊ ထိုင်း နိုင်ငံသားများအတွက် လုံခြုံရေး၊ထိခိုက်နေ သော ပြည်သူများအတွင် လူသားချင်းစာနာ မှုဆိုင်ရာ အကူအညီများနှင့်စပ်လျဉ်း၍ ရှင်း ရှင်းလင်းလင်း သိရရန်ဖြစ်သည်ဟု ဆိုသည်။                          

          Ref: Bangkok Post

Most Read

Most Recent