ဟောင်ကောင်၌ နှစ်ပေါင်း ၁၄၀ အတွင်း အပူချိန် စံချိန်သစ်တင်ခြင်း

ဟောင်ကောင်၌ နှစ်ပေါင်း ၁၄၀ အတွင်း အပူချိန် စံချိန်သစ်တင်ခြင်း
Photo-AFP
Photo-AFP
Published 5 May 2024

ဟောင်ကောင်သည် ၁၈၈၄ ခု နှစ်တွင် မိုးလေဝသမှတ်တမ်းများ စတင်ရယူပြီးကတည်းက လွန်ခဲ့သောလတွင် အပူဆုံး ဧပြီလကို မှတ်တမ်းတင်ခဲ့ကြောင်း ဟောင်ကောင် မိုးလေဝသစောင့်ကြည့်ရေးဌာနက ထုတ်ပြန်ခဲ့သည်။

ဟောင်ကောင်တွင် လွန်ခဲ့သောလ၏ ပျမ်းမျှအပူချိန် ၂၆ ဒသမ ၄ ဒီဂရီဆဲလ်စီယပ်သည် လွန်ခဲ့သော နှစ် ၁၄၀ တွင် မိုးလေဝသမှတ်တမ်း များရယူခဲ့ပြီးနောက်ပိုင်း ဟောင်ကောင်၏ အပူပြင်းဆုံး ဧပြီလကို ဖြစ်စေခဲ့သည်ဟု ဟောင်ကောင် မိုးလေဝသစောင့်ကြည့်ရေးဌာနက မေ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ဟောင်ကောင်မှာ နွေမရောက်သေးပါဘူး။ ဒါပေမဲ့ ဧပြီဟာ  စံချိန်ချိုးလောက်အောင် ပူနေပါတယ်”ဟု မိုးလေဝသစောင့်ကြည့်ရေးဌာနက လူမှုမီဒီယာတွင် ထုတ်ပြန်ခဲ့သည်။

အပူလျော့ပိုင်း ဟောင်ကောင်သည် လွန်ခဲ့သောနှစ်များတွင် ပြင်းထန်သော အပူဒဏ်ကို ရင်ဆိုင်ခဲ့ရသည်။ စံချိန်တင်အပူချိန် တစ်ဒါဇင်ကျော်ရှိခဲ့သည်။ နေ့အလိုက်အပူစံချိန်တင်ခြင်းနှင့် လအလိုက်အပူစံ ချိန်တင်ခြင်းတို့ရှိခဲ့သည်။ အဆိုပါစံချိန်များသည် ၂၀၁၉ ခုနှစ်နောက်ပိုင်းကတည်းက နှစ်စဉ်တင်ခဲ့သော စံချိန်များဖြစ်သည်ဟု ဟောင်ကောင်မိုးလေဝသစောင့်ကြည့်ရေးဌာနက ဖော်ပြခဲ့သည်။

ဧပြီ ၂၇ ရက်တွင် ဟောင်ကောင်သည် ဧပြီလအတွက် နေ့စဉ်စံချိန်တင် အပူချိန်များကို တင်ခဲ့သည်။ နေ့စဉ် ပျမ်းမျှအမြင့်ဆုံး အပူချိန်သည် ၂၈ ဒသမ ၈ အထိရှိခဲ့ပြီး နေ့စဉ် ပျမ်းမျှအနိမ့်ဆုံးအပူချိန်သည် ၂၇ ဒသမ ၇၇ အထိ ရှိခဲ့သည်။ 

မတူသည့်အချက်မှာ ၁၉၉၁ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အကြား ဧပြီလ၌ ပျမ်မျှ နေ့စဉ်အပူချိန်သည် ၂၁ ဒသမ ၁ နှင့် ၂၅ ဒသမ ၆ အတွင်း ရှိခဲဲ့သည်ဟူသော အချက်ဖြစ်သည်။

ဒီဇင်ဘာမှ ဖေဖော်ဝါရီအထိ ထူးထူးခြားခြား ပူခဲ့သော ဆောင်းရာသီဖြစ်ပေါ်ခဲ့ပြီးနောက် ယခုနှစ် ဧပြီလသည် စံချိန်တင်ပူသော လဖြစ်လာခြင်းဖြစ်သည်။ မတ်လသည်လည်း သာမန်ထက်ပိုပူခဲ့သည်ဟု ဆိုသည်။ ၂၀၂၄ ခုနှစ် တစ်နှစ်ပတ်လုံး သာမန်အပူချိန်အထက်တွင် ရှိနေလိမ့်မည်ဟု ခန့်မှန်းကြောင်း မိုးလေဝသစောင့်ကြည့်ရေးဌာန ဖော်ပြခဲ့သည်။

ဟောင်ကောင် အလုပ်သမား ဌာနသည် ၎င်း၏အဆင့်သုံးဆင့်ရှိသော သတိပေးစနစ်ကို မေ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အလုပ်ခွင်၌ ခန္ဓာကိုယ်က ကိုယ်တွင်းအပူချိန်ကို မထိန်းနိုင်လောက်အောင်ပူပြင်းမည်ဟု သတိပေးခဲ့သည်။ အပူအကြံပြုချက် အနိမ့်ဆုံးကြာမြင့်ချိန်မှာ နာရီဝက်မှ တစ်နာရီအထိဖြစ်သည်ဟု ဆိုသည်။

အပူချိန် အခြေအနေများနှင့် အလုပ်အမျိုးအစားတို့အပေါ်မူတည်၍ အလုပ်နားချိန်များ သို့မဟုတ် အလုပ်ရပ်ထားရမည့်အချိန်များကိုလည်း သတိပေးစနစ်တွင် ဖော်ပြထားသည်။

ဟောင်ကောင်သည် အပူလျှပ်ခြင်းကို အလုပ်ခွင်နှင့်ဆက်နွှယ်နေသော ထိခိုက်ဒဏ်ရာအဖြစ်ထည့် သွင်းခြင်းမပြုပေ။ နွေရာသီပူပြင်းသော အပူရှိန်တွင် အလုပ်လုပ်နေခိုက် အပူလျှပ်ခြင်းကြောင့် လူများ သေဆုံးသည်ဟူသော သတင်းများ ထွက်ပေါ်နေသည့်တိုင် အပူလျှပ်ခြင်းကို အလုပ်နှင့်ဆက်စပ်နေသော  အရာအဖြစ် ထည့်သွင်းခြင်းမပြုပေ။

အလုပ်သမားဌာန၏ အပူသသတိပေးစနစ်ကို လွန်ခဲ့သောနှစ်တွင် ထုတ်ပြန်ခဲ့သည်။ သတိပေး ချက်ထုတ်ပြန်ခြင်းများအတွက် အလွန်မြင့်မားသော ကန့်သတ်ချက်များကို အသုံးပြုထားသည်ဟု ဝေ ဖန်သူများက ပြောကြားခဲ့သည်။

ဟောင်ကောင် မိုးလေဝသ စောင့်ကြည့်ရေးဌာန၏ ဒါရိုက်တာ ချန်ပတ်ဝေက ဟောင်ကောင်သည် နောက်ထပ် ပူပြင်းသော နှစ်တစ်နှစ်ကို ကြုံနေရပြီဟု မကြာသေးမီက သတိပေးခဲ့သည်။ ထို့အပြင်         ဟောင်ကောင်သည် အပူပိုင်း မုန်တိုင်းငါးခုမှ ရှစ်ခုအကြားဝင်ရောက်ခြင်းကိုလည်း ကြုံတွေ့ရမည်ဟု ခန့် မှန်းကြောင်း၎င်းက ပြောသည်။

အမှန်မှာ ဟောင်ကောင်သည် ၂၀၂၃ ခုနှစ်တွင် ဟောင်ကောင်၏ ဒုတိယမြောက် စံချိန်တင်အပူဆုံးနှစ်ကို ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ ၂၀၂၃ ခုနှစ်အတွင်း ၁၂ နှစ်လလုံးသည် ပျမ်းမျှသာမန်အပူချိန်များထက် ပိုများသော အပူချိန်များဖြစ် ပေါ်ခဲ့သည်။ ၂၀၂၃ ခုနှစ်ကုန်ဆုံး ပြီးနောက် ၂၀၂၄ ခုနှစ်ထဲကို ဝင် ရောက်လာသည့် အခါတွင်လည်း ဟောင်ကောင်သည် အပူချိန်မြင့်တက်မှုများကို ဆက်လက်ကြုံနေရသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် ဧပြီလသည် ဟောင်ကောင်သမိုင်းတွင် အပူဆုံးသော ဧပြီလကို ဖြစ်စေခဲ့သည်။

ပြောရမည်ဆိုပါက လွန်ခဲ့သောကိုးနှစ်သည် တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် အပူဆုံးဖြစ်ခဲ့သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့က ထုတ်ပြန်ထားသည်။

ရေခဲမြစ်များ အရည်ပျော်ခြင်း၊  ရေခဲစိုင်ကြီးများ ပျော်ကျခြင်း၊ သမုဒ္ဒရာများဆက်လက် ပူနွေးနေခြင်း တို့ကြောင့် ပင်လယ်ရေမျက်နှာပြင် စံချိန်တင်မြင့်တက်လျက်ရှိသည်ဟု ဆိုသည်။                         

Ref:AFP

Most Read

Most Recent