ရန်ကုန်မြို့ရှိ ရွှေဆိုင်များတွင် အခေါက်ရွှေရောင်းဝယ်ခြင်းများ မရှိဘဲ လက်ဝတ်အထည်များကိုသာ အရောင်းအဝယ်ပြုလုပ်

ရန်ကုန်မြို့ရှိ ရွှေဆိုင်များတွင် အခေါက်ရွှေရောင်းဝယ်ခြင်းများ မရှိဘဲ လက်ဝတ်အထည်များကိုသာ အရောင်းအဝယ်ပြုလုပ်
Published 18 May 2024

ပြင်ပရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် သိန်း ၅၀ ကျော်ရောက်ရှိသည် ဟု သတင်းများထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့ရှိ ရွှေဆိုင်များတွင် အခေါက်ရွှေ ရောင်းဝယ်ခြင်းများ မရှိဘဲ လက်ဝတ်ထည်များ ကိုသာ အရောင်းအဝယ်ပြုလုပ်လျက် ရှိ ကြောင်း ရွှေသွားရောက်ဝယ်ယူသူအချို့၏ ပြောကြားချက်အရ သိရသည်။

“ ဆိုင် သုံးလေးဆိုင်လောက် သွားမေး ကြည့်တာ အရောင်းရောအဝယ်ရောပိတ်ထား တယ်ပြောကြတယ်။ ၁၅ ပဲရည်အထည်တွေပဲ အရောင်းအဝယ်လုပ်တယ်ပြောကြတယ်” ဟု မေ ၁၈ ရက်က ရန်ကုန်မြို့ရှိ ရွှေဆိုင်အချို့ကို သွားရောက်စုံစမ်းခဲ့သူတစ်ဦးက ပြောကြား သည်။

လက်ရှိတွင် ကမ္ဘာ့ရွှေစျေးမှာလည်း တစ် အောင်စလျှင် ၂၄၁၅ ဒေါ်လာသို့ ရောက်ရှိလာ ပြီးနောက် ပြည်တွင်းရွှေစျေးနှုန်းမှာလည်း လိုက်ပါမြင့်တက်လာခြင်းဖြစ်သည်ဟု ရွှေစျေး ကွက်အတွင်းမှ သိရသည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ၏ နေ့စဉ်ထုတ်ပြန်သည့်စျေးနှုန်းအရ မေ ၁၈ ရက် အပိတ်စျေးအရ အကယ်ဒမီရွှေတစ်ကျပ် သားလျှင် ကျပ် သုံးဆယ့်ကိုး သိန်းကိုးသောင်း ကိုးထောင့်နှစ်ရာ ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

ပြီးခဲ့သည့် မတ် ၁၆ ရက်က ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် အစည်းအ ဝေးတစ်ရပ်ပြုလုပ်ခဲ့ပြီး ရွှေစျေးကွက်အတွင်း တွင် ပြင်ပရွှေဝယ်ရောင်းလုပ်သူများနှင့် ရွှေ ဆိုင်များအားလုံးသည် ့ွနဗ သတ်မှတ်စျေး နှုန်းအောက်တွင် အရောင်းအဝယ်ပြုလုပ်ကြ ရန်နှင့် မပြုလုပ်နိုင်ပါက ရွှေအရောင်းအဝယ် ရပ် ထားပေးပါရန် အထူးသတိပေးအပ်ပါသည် ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း က ထုတ်ပြန်ခဲ့သည်။

မတ် ၆ ရက် နေပြည်တော်တွင် ပြုလုပ် သည့် ရွှေနှင့်ငွေကြေး စျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္က ဋ္ဌနှင့် အဖွဲ့ဝင်များတွေ့ဆုံ သည့် ဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက ရွှေစျေးကွက်တွင် စနစ် တကျရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် စျေး နှုန်းအခြေခံသတ်မှတ်နိုင်ရေး၊ တရားဝင် ဆောင်ရွက်နိုင်သည့် စျေးကွက်ဖော်ဆောင် ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေစျေး၊ ငွေ စျေးကစားပြီး စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူများကိုဥပဒေနှင့်အညီ ကြီးကြပ် အရေးယူမည် ဖြစ်ကြောင်း၊ အရေးကြီးကုန် စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပါက ဥပဒေပါပြဋ္ဌာန်းချက်များကို ဆက်လက်အ ကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ အဖွဲ့ ဝင်များအနေဖြင့်လက်ရှိလုပ်ဆောင်ချက် များ၊ ကြီးကြပ်မှုများကို ပြန်လည်စိစစ်ရန်နှင့် စနစ်တကျ ထိန်းကျောင်းသွားရန်လိုအပ် ကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒု တိယဝန်ကြီးက ရွှေရောင်းဝယ်ရာ၌ မသမာ မှုပြုလုပ်၍ စျေးကစားမှုများအပေါ် ကြီးကြပ် အရေးယူမှုများဆောင်ရွက်နိုင်ရန် တည်ဆဲ ဥပဒေများနှင့်အညီ အမိန့် ထုတ်ပြန်ရာတွင် အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်နိုင်ရေးအတွက် အမိန့်၊ ညွှန်ကြား ချက်များထုတ်ပြန်ရန်လည်းကောင်း၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာန ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများအ နေဖြင့် ရည်ညွှန်းရွှေစျေးနှုန်း ထုတ်ပြန်ပြီး ကျော်လွန်ရောင်းချသူများအား အရေးယူ နိုင်မည့်နည်းလမ်းများကို လည်းကောင်း၊ အ စည်းအဝေးတက်ရောက်လာသူများကလိုအပ် သည့်အမိန့်များထုတ်ပြန်ရာတွင် ဦးစီး ဆောင် ရွက်မည့်ဝန်ကြီးဌာန၊ ဆက်လက်ထိန်းချုပ် ကြီးကြပ်ကွပ်ကဲမည့် နည်းလမ်းများ၊ လုပ်ငန်း စဉ်များကို သေချာစွာစနစ်တကျချမှတ် ဆောင်ရွက်သွားရမည့် အခြေအနေ များကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန် တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တို ဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂ဝရက် တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်ကြောင်း ရွှေစျေး ကွက်မှတ်တမ်းများအရ သိရသည်။

Most Read

Most Recent