PDF အဖွဲ့အား ထောက်ပံ့ခဲ့သည်ဟုဆိုကာ ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာဒေသခံ မိသားစုဝင်သုံးဦးကို ဖမ်းဆီးစစ်ဆေးနေ

PDF အဖွဲ့အား ထောက်ပံ့ခဲ့သည်ဟုဆိုကာ ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာဒေသခံ မိသားစုဝင်သုံးဦးကို ဖမ်းဆီးစစ်ဆေးနေ
Published 21 June 2024

PDF အဖွဲ့အား ထောက်ပံ့ခဲ့သည်ဟုဆို ကာ ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ ဒေသခံမိသားစုဝင်သုံးဦးကို ဖမ်းဆီးစစ်ဆေးနေ ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံခဲ့ရသည့် မိသားစုဝင်သုံးဦးမှာ ဇုတ်သုတ်ကျေးရွာ ရွာလယ်ပိုင်းနေ အသက် ၅၀ အရွယ် ဦးလှမိုး၊ ဇနီးဖြစ်သူ ဒေါ်နီလာခိုင် နှင့် သားဖြစ်သူ ၁၈ နှစ်အရွယ် မောင်ထွန်းလှ မိုးတို့ဖြစ်ကြောင်းနှင့် ၎င်းတို့ သုံးဦးအား ပြီးခဲ့သည့် ဇွန် ၁၈ ရက်က လုံခြုံရေးအဖွဲ့မှ ၎င်းတို့ ၏နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဦးလှမိုးတို့က PDF အဖွဲ့တွေကို ထောက်/ပို့လို့လို့ဆိုပြီး ဖမ်း သွားတာလို့ကြားတယ်” ဟု ပြောကြားသည်။

PDF အဖွဲ့အား သတင်းပေးခြင်း၊ ငွေကြေးနှင့် ရိက္ခာပစ္စည်းများ ထောက်ပံ့မှုများ လုပ်ဆောင်ခဲ့သည်ဟု သတင်းများအရ ဦးလှမိုး တို့ မိသားစုဝင်သုံးဦးအား ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု သိရကြောင်း လုံခြုံရေးတပ်ဖွဲနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ဦးလှမိုးတို့ မိသားစုဝင် သုံးဦး အား ဘီးလင်းမြို့မရဲစခန်းတွင် ဖမ်းဆီးကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း ၎င်းင်းက ဆိုသည်။

ပြီးခဲ့သည့် ဇွန် ၁၃ ရက်ကလည်း မွန် ပြည်နယ် ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်ရှိ ကော့စနိုင် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင် လေးဦးအပါအဝင် ကျိုက်ထိုမြို့ခံပြည်သူရှစ် ဦးအား PDF အဖွဲ့များကို ထောက်ပံ့မှုများလုပ်ဆောင်ခဲ့သည်ဟုဆိုကာ လုံခြုံရေးတပ်ဖွဲ့ က ဖမ်းဆီးခဲ့သေးကြောင်း ကျိုက်ထိုမြို့ခံများ ထံမှ သိရသည်။      

Most Read

Most Recent