■ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တိရိစ္ဆာန်ဈေး မီးလောင်မှု ဖြစ်ပွားပြီး တိရိစ္ဆာန်များ သေဆုံး

■ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တိရိစ္ဆာန်ဈေး မီးလောင်မှု ဖြစ်ပွားပြီး တိရိစ္ဆာန်များ သေဆုံး
Published 11 June 2024

ဘန်ကောက်မြို့ရှိ တိရိစ္ဆာန်ဈေး မီးလောင်မှုဖြစ်ပွားပြီး တိရိစ္ဆာန်များသေဆုံးခဲ့သည်ဟု ထိုင်းသတင်းများအရ သိရသည်။

မီးလောင်မှုမှာ ဇွန်လ ၁၁ ရက် နံနက် ၄ နာရီခွဲတွင်ဖြစ်ပွားခဲ့ပြီး ဝါယာရှော့ခ်ကြောင့် မီးလောင်ခဲ့ခြင်းဖြစ်ကာ ဆိုင်ခန်း ၁၁၈ ခန်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်တွင် အိမ်မွေးတိရိစ္ဆာန်များနှင့် ထူးခြားဆန်းပြားသော တိရိစ္ဆာန် တစ်ထောင်ခန့် သေဆုံးခဲ့ပြီး ဆိုင်ပိုင်ရှင်အများစုမှာ ဆိုင်တွင် ညမအိပ်ကြသဖြင့် တိရစ္ဆာန်များကို အချိန်မီ မကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံ သတင်းများအရ သိရသည်။

ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ နာမည်ကျော် Chatuchak အမည်ရှိ တိရိစ္ဆာန်ဈေးမှာ ၂၀၁၉ ခုနှစ်ကလည်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၂၀၀ ကျော် ဆုံးရှုံးခဲ့သည်။

Most Read

Most Recent