နှစ်နိုင်ငံကုန်သွယ်မှုတွင် ကျပ်နှင့် တာကာ တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်ရန်   မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ဆွေးနွေး

နှစ်နိုင်ငံကုန်သွယ်မှုတွင် ကျပ်နှင့် တာကာ တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်ရန်   မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ဆွေးနွေး
Published 25 May 2024

 

နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ကျပ်နှင့် တာကာ တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်းစဉ် ဆက် လက်ဆောင်ရွက်ရန်  မြန်မာနိုင်ငံတော် ဗဟို ဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် မြန်မာ နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ် ကြီး H.E. Dr. Md. Monwar Hossain  တို့  ဆွေးနွေးခဲ့ကြောင်းသိရသည်။

မေ ၂၄ ရက် မွန်းလွဲပိုင်းတွင် နေ ပြည် တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်း အဝေးခန်းမ၌ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဘင်္ဂလား ဒေ့ရှ်သံအမတ်ကြီးတို့ တွေ့ဆုံခဲ့ခြင်းဖြစ် သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးတက်စေရေးအတွက် ကုန်သွယ်မှုတွင် ဘင်္ဂလားဒေ့ရှ် တာကာ^ မြန်မာကျပ်တို့ဖြင့် တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်းစဉ်ကို ဆက် လက်ဆောင်ရွက်ရန်နှင့် ကုန်သွယ်မှုကို အ ထောက်အကူပြုသည့် ဘဏ်လုပ်ငန်းကဏ္ဍအား ထပ်မံအဆင့်မြှင့်တင်ဆောင်ရွက်ရန်တို့အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်း အ တွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent