မလှိုင်မြို့နယ် ကျောက်တွင်းကျေးရွာအနီးတွင် ရာအိမ်မှူးတစ်ဦးနှင့် ၎င်း၏ဇနီးတို့ သေနတ်ဖြင့်ပစ်သတ်ခံရ

မလှိုင်မြို့နယ် ကျောက်တွင်းကျေးရွာအနီးတွင် ရာအိမ်မှူးတစ်ဦးနှင့် ၎င်း၏ဇနီးတို့ သေနတ်ဖြင့်ပစ်သတ်ခံရ
Published 18 June 2024

မလှိုင်မြို့နယ် ကျောက်တွင်းကျေးရွာအနီးတွင် ရာအိမ်မှူးတစ်ဦးနှင့် ၎င်း၏ဇနီးတို့ သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရ သည်။

ဇွန် ၁၅ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ကျောက် တွင်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံ ရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မလှိုင်မြို့နယ် သရက္ကန် (တောင်) ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးစိန်မြင့်အောင် (၅၆ နှစ်)နှင့် ဇနီးဖြစ်သူ ဒေါ်ဖော့ (ခ) ဒေါ်တင်ဆန်း (၅၅ နှစ်) တို့သည် ၎င်းင်းတို့နေအိမ်မှ မလှိုင်မြို့ သို့ စျေးဝယ်ရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ကျောက်တွင်းကျေးရွာအနီး လမ်းဆုံအရောက် ၌ အသင့်စောင့်နေသည့် PDF အဖွဲ့ အင်အား (စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ကာ ငွေ ၁၅၀၀၀၀ ကျပ်ပါ ကျောပိုးအိတ်တစ် လုံးနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့အား လုယက် ယူဆောင်သွားကြောင်း၊ ၎င်းင်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent