တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ကို ထိုင်း အာဏာပိုင်များက ဖမ်းဆီး

တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ကို ထိုင်း အာဏာပိုင်များက ဖမ်းဆီး
Published 26 June 2024

မြန်မာ -ထိုင်း နယ်စပ် ထိုင်းနိုင်ငံ Phop phraခရိုင် တွင်  တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၂ဦး ဇွန်လ ၂၆ ရက် နံနက်က ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခြင်း ခံရကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့  တရားမဝင် နယ်စပ်ဖြတ်ကျော် ပြီး နိုင်ငံခြားသား မဝင်ရောက်နိုင်စေရေး ထိုင်း တပ်မတော် ရဲနှင့် အုပ်ချုပ်ရေး အဖွဲ့ များကထိုင်း-မြန်မာနယ်စပ်  Ban Mogerthai၊ Phop Phra ခရိုင်၊ Tak ခရိုင် တို့တွင်စစ်ဆင်ရေးအသွင်ဖြင့် ပိတ်ပင်ထားစဉ်  တရားမဝင် ဝင်ရောက်လာသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ရဦး၊အမျိုးသမီး၅ဦးတို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ဖမ်းဆီးခံမြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်း လုပ်ငန်းခွင်ရှိရာ ဘန်ကောက်မြို့အနီးသို့ တစ်ဦးလျှင်ပွဲစားခ ဘတ် ၁၈၀၀၀ ပေးပြီးလာခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

ထိုင်း စစ်တပ်၊ အုပ်ချုပ်ရေးနှင့် ၊ ရဲတပ်ဖွဲ့တို့သည် လူကယ်ရီပွဲစား အေဂျင်စီများကို ဖမ်းဆီးနိုင်ရေးဆက်လက်ဆောင်ရွင်နေပြီး ဖမ်းဆီးရမိသော နိုင်ငံခြားသား အလုပ်သမား များကို  Phra ရဲစခန်း ၌ ဥပဒေနှင့် အညီ အေရးယူဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများထံ ပေးအပ်နှံခဲ့ကြောင်းထိုင်းနိုင်ငံဘင်မှ လာသောသတင်းများအရသိရသည်။

Photo..AEC Thai News

Most Read

Most Recent