ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမား ဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်၏ ၇၁ ရက်အတွင်း မြန်မာအလုပ်သမား တစ်သိန်းခွဲခန့် ဖမ်းဆီးခံရဟုဆို

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမား ဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်၏ ၇၁ ရက်အတွင်း မြန်မာအလုပ်သမား တစ်သိန်းခွဲခန့် ဖမ်းဆီးခံရဟုဆို
Published 17 August 2024

 

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ် သမား ဖမ်းဆီးရေး ရက်ပေါင်း ၁၂ဝစီမံချက်၏ ၇၁ ရက် အတွင်း မြန်မာလုပ်သား ၁၄၀၀၀၀ ကျော်နှင့် လာအို၊ဗီယက်နမ်၊ကမ္ဘောဒီးယား အပါအဝင် နိုင်ငံခြားလုပ်သား နှစ်သိန်းနီးပါး ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအလုပ်သမား ဝန် ကြီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

တရားမဝင်အလုပ်သမား ဖမ်းဆီးရေး အတွက်ရက်ပေါင်း ၁၂၀ စီမံချက်အဖြစ် ဇွန် လ ၅ ရက်နေ့မှ သြဂုတ်လ ၁၅ ရက်နေ့ထိ ရက် ၇၁ အတွင်း အလုပ်ရုံ၊ စက်ရုံ လုပ်ငန်း ဆိုက်အသီးသီးရှိ တရားမဝင်အလုပ်သမား များကို လိုက်လံစစ်ဆေးမှုပြုလုပ်ရာတွင် မြန် မာ အပါအဝင် အထောက်အထားမဲ့ ရွှေ့ ပြောင်းလုပ်သား စုစုပေါင်း ၁၉၂၂၈၀ ဦး ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုင်းအလုပ်အကိုင်ဦးစီးဌာန၊လူဝင်မှု ကြီးကြပ်ရေးဌာန၊ ရဲဌာနအပါဝင် ဌာနဆိုင် ရာအဖွဲ့များ သည်  ဘန်ကောက်မြို့နင့် အခြား မြို့များ၊စျေးဆိုင်များ၊ စားသောက်ဆိုင်များ နှင့် ဆောက်လုပ်ရေးအပါဝင် နေရာပေါင်း များစွာတို့မှ တရားမဝင်အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁၉၂၂၈၀ ဦးဖမ်းဆီးရမိခဲကြောင်းထုတ်ပြန်ထားသည်။

ပူးပေါင်းအဖွဲ့မှ  ဖမ်းဆီးရမိသည့် နိုင်ငံ အလိုက်အလုပ်သမားများမှာ မြန်မာ အလုပ် သ မား ၁၄၄၂၆၁ ဦး ၊ ကမ္ဘောဒီးယားအလုပ် သမား ၂၉၄၄၈ ဦး၊ လာအိုအလုပ်သမား ၁၂၂၈၅ ဦး ၊ ဗီယက်နမ်အလုပ်သမား ၁၁၇ ဦးနှင့် အခြားနိုင်ငံသားအလုပ်သမား ၆၁၉၆ ဦးတို့ ဖြစ်ကြသည်။

ထိုသို့ဖမ်းဆီးခံရသည့် အလုပ်သမား များ အနက်-မြန်မာ အလုပ်သမား ၈၁၈  ဦး၊ လာအိုအလုပ်သမား ၁၈၀ ဦး ၊ကမ္ဘောဒီးယား အလုပ်သမား ၂၀၁ ဦး ၊ ဗီယက်နမ်အလုပ် သမား ၂၄ ဦး၊ အခြားနိုင်ငံအလုပ်သမား ၉၁ ဦးတို့ကို အရေးယူဆောင်ရွက်ပြီးသွားပြီဖြစ် ကြောင်းသိရှိရသည်။

နိုင်ငံခြားသား အလုပ်သမားအနက် အထောက်အထားမဲ့ အလုပ်လုပ်ကိုင်ခွင့် ဝေါ့ပါမက်မရှိသည့် အလုပ်သမားနှင့် လုပ် ကိုင်ခွင့်မရှိသည့် အလုပ်အမျိုးအစားကို လုပ် ကိုင်သည့်အလုပ်သမားကို တွေ့ရှိပါက ဒဏ် ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ ထိအလုပ်သမားမှ ဒဏ်ငွေပေးဆောင်ရမည် ဖြစ်ပြီးနေရပ်သို့ ပြန်ပို့ခံရခြင်းနှင့်အတူ အလုပ်လုပ်ကိုင်ခွင့် နှစ်နှစ်ပိတ်ခံရမည်ဖြစ်သည်။

အလုပ်လုပ်ကိုင်ခွင့်မရှိသည့် အလုပ် သမားကို လက်ခံသည့် အလုပ်ရှင်ကို တွေ့ ရှိပါက အလုပ်သမား တစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁ဝဝဝဝဝထိ ဒဏ်ငွေပေးဆောင် ရမည်ဖြစ်ပြီး ထပ်မံကျူးလွန်မှု တွေ့ရှိပါက ထောင်ဒဏ်အများဆုံး ၁ နှစ် နှင့် ဘတ်ငွေ ၅၀၀၀၀ မှ ၂၀၀၀၀၀ ထိ ပေးဆောင်ရမည် ဖြစ်သလို ရွှေ့ပြောင်း အလုပ်သမားငှားရမ်းခွင့် ၃ နှစ် ပိတ်ခံရမည်ဖြစ်ကြောင်း အလုပ်သမား ဦးစီးဌာန ထုတ်ပြန်ထားကြောင်း ထိုင်ငံဘက် မှလာသောသတင်းများအရ သိရသည်။

ကိုရွှေသိန်း

Most Read

Most Recent