မဲခေါင်-လျန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးသို့  မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်ရောက်ပြီး မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှုများ၊ ဆက်သွယ်ရေးလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တားဆီးကာကွယ်ရေးနှင့် ဒေသတွင်း ဘက်စုံပေါင်းစည်းချိတ်ဆက်မှု မြှင့်တင်ရေး ကိစ္စရပ်များ ဆွေးနွေး

မဲခေါင်-လျန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးသို့  မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်ရောက်ပြီး မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှုများ၊ ဆက်သွယ်ရေးလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တားဆီးကာကွယ်ရေးနှင့် ဒေသတွင်း ဘက်စုံပေါင်းစည်းချိတ်ဆက်မှု မြှင့်တင်ရေး ကိစ္စရပ်များ ဆွေးနွေး
Published 17 August 2024

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အ စည်းအဝေးကို သြဂုတ် ၁၆ ရက်က ကျင်းပ ခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်း ဆွေတက်ရောက်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှုများ၊ ဆက်သွယ်ရေး လိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှု များ တားဆီးကာကွယ်ရေးနှင့် ဒေသတွင်း ဘက်စုံပေါင်းစည်းချိတ်ဆက်မှုမြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

(၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူး ပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စ အက်စီ ရိ ပင်တာရူချီ နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံ ရေးဗြူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဗဟိုကော်မ ရှင်ရုံး ညွှန်ကြားရေးမှူးနှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ပြီး အစည်းအဝေးသို့ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် နိုင် ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် များဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ မစ္စတာဆုပ်ချန်ဒါဆိုပီအာ၊ လာအိုနိုင်ငံ ဒုတိ ယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စ တာ ဆလုံဆိုင်းခွန်မဆစ် နှင့်ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စ ငုယင်မင်းဟန်တို့လည်း ပါဝင်တက်ရောက် ခဲ့ကြောင်းသိရသည်။

ထို့ပြင် (၉)ကြိမ်မြောက် မဲခေါင်-လန် ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန် ကြီးများအစည်းအဝေးတွင် နိုင်ငံခြားရေးဝန် ကြီးများသည် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုအခြေအ နေများအပေါ် သုံးသပ်ဆွေးနွေးခဲ့ပြီး အနာ ဂတ် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

          နိုင်ငံခြားရေးဝန်ကြီးများသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင် ငံများအကြား စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရေး နှင့်စားနပ်ရိက္ခာဖူလုံရေး၊ ရေအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်ရေး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု များ တားဆီးကာကွယ် နှိမ်နင်းရေးနှင့် ခရီးသွားလုပ်ငန်းနှင့်ပြည်သူအချင်းချင်းချိတ်ဆက ်ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေး အပေါ် ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရ သည်။

          ထို့ပြင်ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးအတွင်း မဲခေါင်-လန်ချန်း ပူး ပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံ၏ပူး ပေါင်းဆောင်ရွက်မှုများကို အဖွဲ့ဝင်နိုင်ငံ များမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ ကို ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးကို တိုးမြှင့်ဆောင်ရွက်ရေး၊ ဒေ သတွင်းဘက်စုံပေါင်းစည်း ချိတ်ဆက်မှု မြှင့် တင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ် ဖြတ် ကျော်မှုခင်းများ၊ တရားမဝင်မူးယစ်ဆေးဝါး နှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ ဆက်သွယ်ရေးလိမ်လည်မှုများ၊ အွန်လိုင်း လောင်းကစားမှုများ တားဆီးကာကွယ်ရေး တို့ကို တိုးမြှင့်ဆောင်ရွက်ရေးနှင့်မဲခေါင်-လန် ချန်း ဒေသတွင်း လေထုညစ် ညမ်းမှုဖြေရှင်း ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှု စသည့်နယ်ပယ် များတွင်  အလေးအနက်ထား ပူးပေါင်းဆောင် ရွက်ရန် ဆွေးနွေးပြောကြားသည်။

          ထို့အတူ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် မစ္စအက်စီရိ ပင် တာရူချီက (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေး သို့  တက်ရောက်လာသည့် နိုင်ငံခြားရေးဝန်ကြီးများနှင့်ကိုယ်စားလှယ်အဖွဲ့များကို  သြဂုတ် ၁၅ ရက် ညပိုင်းတွင် ချင်းမိုင်မြို့ရှိ အင်တာကွန်တီနင်တယ် ဟို တယ်၌ ကြိုဆိုဂုဏ်ပြုညစာစားပွဲဖြင့် တည် ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။

          မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု သည် ၂၀၁၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း စဉ်တစ်ခုဖြစ်ပြီး၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ် စသည့် အဖွဲ့ဝင် ခြောက်နိုင်ငံပါဝင်သည်။

          မဲခေါင်-လန်ချန်း ဒေသအတွင်း လူမှုစီး ပွားဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်နှင့်မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် နိုင် ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို လျှော့ချရန်အတွက် ရည်ရွယ် ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အ ထူးရန်ပုံငွေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ် အထိ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း စုစုပေါင်း (၁၁၈) ခုကို အကောင်အထည် ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent